Part( 1 )

153 21 8
                                    

       
Uni

ကျွန််တော့်နာမည်က Doh Kyung Soo. .။သာမာန်အစိုးရဝန်ထမ်းမိသားစုရဲ့တစ်ဉီးတည်းသောသား..။ကျွန်တော်က အခုအထက်တန်းနောက်ဆုံးနှစ်ကျောင်းသားနသ်ယောက်ပါ..။အထက်တန်းနောက်ဆုံးနှစ်သာရောက်လာခဲ့တယ်..ခုထိကျွန်တော့မှာသူငယ်ချင်းဆိုတာမျိုးမရှိခဲ့ဖူးဘူး။ခင်ဗျားတို့လည်းတွေးမိကြမှာပေါ့ ဘာလို့အခုချိန်ထိသူငယ်ချင်းမရှိရတာလဲလို့လေ...။တကယ်တော့... ကျွန်တော့မှာသူငယ်ချင်းမရှိတာမဆန်းပါဘူး...။ဘာလို့လဲ ဆိုတော့... ကျွန်တော်ကရုပ်ဆိုးတယ်လေ...။ရုပ်ဆိုးလွန်းလို့ဘယ်သူကမှကျွန်တော့ကိုအပေါင်းအသင်းမလုပ်ချင်ကြဘူး။အမြဲတမ်း အနိုင်ကျင့်ကြတယ်..၊နှိပ်စက်ကြတယ်..၊လှောင်ပြောင်ကြတယ်..၊စနောက်ကြတယ်..။အမြဲတမ်း ကျွန်တော်က..သူတို့အတွက်တော့အပယ်ခံပဲ...။ဒါမယ့် ကျွန်တော့အတွက်ဒါတွေကရိုးနေပါပြီ..။အစပိုင်းမှာနည်းနည်းစိတ်အားငယ်မိပေမယ့်....သူတို့ပြောတာလည်းဟုတ်နေတာပဲလေ...ကျွန်တော်က ရုပ်ဆိုးတော့ လူမုန်းခံရတာမဆန်းပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်တွေးမိတာက...ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ဘဲ တစ်ယောက်တည်း သီးသန့်နေကြည့်ဖို့...။ကျွန်တော်တစ်ယောက်တည်းပဲနေတယ်..။စာပဲလုပ်တယ်..။အထီးကျန်တိုင်း စာပိုကြိုးစားမိတယ်...။ကျွန်တော့်မှာ တခြားသူတွေလို... အတူဆော့ကစားဖို့..၊အတူလျှောက်လည်ဖို့.. သူငယ်ချင်းမှမရှိတာ..။ကျွန်တော့်အနားမှာ အမြဲအဖော်လိုရှိနေတဲ့ ဒီကျောင်းစာတွေကိုလုပ်ရင်း ကျွန်တော်တစ်ယောက်တည်းသီးသန့်နေတတ်လာခဲ့တယ်....။ဘယ်သူ့ကိုမှလည်းစိတ်မဝင်စားတတ်တော့သလို..၊ဘယ်သူ့ကိုမှလည်းဂရုမစိုက်တတ်တော့ဘူး..။ဘယ်အချိန်ဖြစ်ဖြစ်သီးသန့်ပဲနေတတ်လာခဲ့တယ်...။သူနဲ့မရင်းနှီးခင်အချိန်ထိပေါ့....။

               'သူ'ဆိုတာ....... ကျွန်တော့ဘက်ကတိတ်ကလေးcrushနေခဲ့သူ....၊ကျွန်တော်ပထမဉီးဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ် ရင်ခုန်ခဲ့ရသူ... Park Chanyeol..... ။သူက ကျွန်တော်နဲ့မတူဘူး။ရုပ်ချောတယ်..၊စာတော်တယ်..၊ချမ်းသာတယ်..အဘက်ဘက်ကပြည့်စုံတဲ့လူသားတစ်ယောက်ပေါ့...။သူက တစ်ကျောင်းလုံးရဲ့kingဖြစ်သလို...နာမည်လည်းကြီးတယ်...။"Moonlight " company ပိုင်ရှင်ရဲ့တစ်ဉီးတည်းသောသား..။ငယ်ငယ်လေးကတည်းက ငွေကြေးချမ်းသာလို့ လိုလေသေးမရှိရွှေဇွန်းကိုက်မွေးလာတဲ့ ရွှေပေါ်မြတင်မင်းသားချောလေးပေါ့...။ရုပ်ရည်နဲ့ငွေကြေးတင်ပြည့်စုံတာလားဆိုတော့...မဟုတ်ဘူး ။သူကအားကစားမှာလည်းအရမ်းထူးချွန်တဲ့သူတစ်ယောက်...။ကျောင်းမှာသူဘတ်စကတ်ဘောကစားရင်..အမြဲတမ်း ကျောင်းအားကစားကွင်းထဲမှာလူပြည့်နေတတ်တယ်..တခြားကြောင့်တော့မဟုတ်ဘူးပေါ့..Park Chanyeol ဆိုတဲ့ သူ့ကြောင့်....သူ့ကိုသဘောကျတဲ့မိန်းကလေးတွေကလာအားပေးကြတာလေ...။မိန်းကလေးတွေတင်လားဆိုတော့ မဟုတ်ဘူး.. ။သူ့ကိုယောက်ျားလေးတွေပါစိတ်ဝင်စားကြတယ်..။တစ်ကျောင်းလုံးရဲ့ပါးစပ်ဖျားမှာ အမြဲစဲွဲမြဲနေတဲ့နာမည်က... Park Chanyeol.. ဆိုတဲ့ သူ... ကျွန်တော်အရမ်းချစ်ရတဲ့...ကျွန်တော့ရဲ့ အချစ်ဉီး...။

My Ugly BoyWhere stories live. Discover now