Part ( 2 )

163 18 14
                                    

Uni

ခါတိုင်း (5)မိနစ်အလိုလောက်မှ ​လာတတ်သည့်Chanyeol တစ်ယောက် ယနေ့တွင်တော့   အရင်နှစ်တွေထက် ပိုနောက်ကျမှကျောင်းကိုရောက်လာတော့သည်။ကျောင်းရောက်ရောက်ချင်း ဘယ်အခန်းကျလဲကြည့်မိတေကျောင်းကိုခါတိုင်းကျောင်းတက်ခါနီီးသည့်Chanyeolတစ်ယောက်ာ့ (A)ခန်းတဲ့....။ဒါဆို ဟိုနှစ်ကောင်နဲ့အခန်းချင်းမတူတော့ဘူးပေါ့။ဟိုနှစ်ကောင်ဆိက တခြားသူတွေတော့မဟုတ်.....။ငယ်ငယ်လေးကတည်းက လည်ပင်းဖက်ပေါင်းလာကြတဲ့ပြောမနာဆိုမနာ Oh Sehunနဲ့ Yi Xingပင်...။Sehunနှင့်Yi Xingတို့က Chanyeol ရဲ့အခင်ဆုံးနှင့်အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်သည့်အလျောက် အခန်းချင်းလည်းအတူတူပင်...။ Chanyeol မှာ သူငယ်ချင်းဆိုလို့ ဤနှစ်ကောင်သာရှိသည်...။ဤနှစ်ကောင်မှလွဲ၍မည်သူနှင့်မျှအပေါင်းအသင်းမလုပ်မိ..။သူတို့နှင့်သာတွဲသွားတွဲလာနေလာခဲ့သည်မို့ ယခုနှစ်တွင်ထိုနှစ်ကောင်နှင့်အခန်းချင်းမတူတော့စိတ်ညစ်မိသွားသည်..။ဒါပေမယ့်.... ကျွန်တော်က ဘယ်သူလဲ?Park Chanyeol လေ... ထိုနှစ်ကောင်ကလွဲပြီးဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်မိပေမယ့် အလိုက်အထိုက်တော့နေတတ်သည်...။Chanyeolတစ်ယောက် ယုံကြည်ချက်အပြည့်ဖြင့် ဟာသင်ခန်း (A) ဘက်သို့လျှောက်လာခဲ့တော့သည်....။

                အခန်းရှေ့တွင်ရပ်ကာ ဝင်ခွင့်တောင်းတော့ ဆရာမကဝင်ခိုင်းသဖြင့်ဝင်လာခဲ့တော့သည်...။သူအခန်းထဲကိုဝင်လာတော့ အကုန်လုံးရဲ့အကြည့်တွေက သူ့တစ်ယောက်တည်းမှာသာရှိနေကြပြီး သူထိုအခန်းထဲရောက်လာသည်က သူတို့အတွက် ကံကောင်းခြင်းတစ်ခုသဖွယ်...။အကြည့်များတွင်အံ့သြပြီးကျေနပ်ပီတိဖြစ်နေကြသယောင်.....။

                      သူလည်းအကုန်လုံးကိုပြန်ပြုံးပြမိတော့ ကောင်မလေးတွေဆီကအော်သံများထွက်လာတော့သည်....။ နောက်မှ ဆရာမက သူ့ကိုထိုင်ဖို့နေရာရှာရန်ပြောပြန်တော့ အကုန်လုံးက သူ့ကိုမျှော်လင့်တကြီးနှင့်ကြည့်နေကြသဖြင့် သူဘယ်နေရာမှာထိုင်ရမလဲတွေးရခက်သွားသည်..။နောက်တော့ နေရာရွေးရန်တစ်ခန်းလုံးကိုသူသေချာကြည့်မိတဲ့နောက်....သတိထားမိလိုက်တာက....ကျန်တဲ့သူတွေဘယ်လောက်ပဲသူ့ကိုကြည့်နေကြပါစေ... တစ်ယောက်သောသူကတော့သူ့ဆီတွင်အာရုံရောက်မနေပါ...။အခန်းရဲ့နောက်ဆုံးထောင့်နားကခုံမှာ တစ်ယောက်တည်းထိုင်နေပြီး စာအုပ်ပေါ်တွင်ဘာတွေရေးမှတ်နေလဲတော့မသိ..ယဘယ်သူ့ကိုမှဂရုမစိုက်ဘဲ သူတစ်ယောက်တည်း လုပ်စရာရှိတာကိုအေးဆေးလုပ်နေလေသည်...။Chanyeolထိုကောင်လေးကိုကြည့်မိပြီး သူနှင့်အဆင်ပြေလောက်မည်ထင်သောကြောင့် ထိုကောင်လေးရဲ့ခုံဆီသို့ခြေဉီးတည်မိလိုက်သည်...။Chanyeolပထဆုံးခြေလှမ်းလှမ်းစဉိ်တွင် အကုန်လုံးရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပြီး Chanyeol ခြေလှမ်းဆုံးသွားတဲ့နောက်တွင်တော့ အကုန်လုံးစိတ်ထဲတွင်မနာလိုမုန်းတီးမှုများသာရှိလာတော့သည်....။ဒါကိုတော့ Chanyeol သတိထားမိမည်မဟုတ်...။သူ့ရှေ့တွင်သူရောက်နေတာတောင်သတိမထားမိဘဲစာကုန်းရေးနေသည့်ကောင်လေးကိုသာပြုံးကြည့်နေမိသည်...။ထိုကောင်လေးစာရေးနေတုန်းရုတိတရက်သူ့ကိုကြည့်နေတာသတိထားမိသွားသည်ထင်...ရေးနေတာကိုရပ်လိုက်ပြီးခေါင်းမော့ကြည့်လာလေသည်...နောက်တော့ သူ့ဘက်ကိုဖြေးဖြေးချင်းလှည့်ကြည့်မိသည့်နောက် ပြူးကြောင်ကြောင်လေးနှင့်သူ့ကိုကြည့်နေလေသည်...။သူကိုယ်ကိုအနည်းငယ်အောက်သို့ခါးညွတ်ကိုင်းလိုက်ရင်း..........

You've reached the end of published parts.

⏰ Last updated: Jul 27, 2022 ⏰

Add this story to your Library to get notified about new parts!

My Ugly BoyWhere stories live. Discover now