"ကိုကို?"
"မင်!"
'မင်'ဟူသော ကိုကို့ခေါ်သံသည် တုန်လှုပ်မှုအပြည့်နှင့် စိုးရိမ်မှုကြီးစွာ။
သို့သော်လည်း ဆုပ်ကိုင်ထားဆဲဖြစ်သော သူမ၏ လက်များကိုတော့ ကိုကို လွှတ်ချမပေးသေးပါ ။"ကူး...သူက ဘယ်သူလဲ"
တုံးအနေသော ကောင်လေးသည်ကတော့ စကားစပျောက်နေသော်လည်း တွဲလက်များမှတစ်ဆင့် ကိုကို့ရင်ခွင်ထဲရောက်လုမတတ် ပူးကပ်နေသော သူမကတော့ ချွဲနွဲ့စွာ မေးမြန်းခြင်းပြုသည်။"ပြောလိုက်လေ ကိုကိုရယ်..မင်က ဘယ်လိုပက်သက်လဲဆိုတာ"
ဆို့နစ်နေသော ရင်အစုံအောက် ထွက်လာသော ဂျီမင်းအသံလေးကြောင့် ကိုကိုသည် ပြောစရာမဲ့နေပြန်ပါပြီ။
"အဲတာ...သူက.."
"အွန်း ဖြေ"
"သူ..သူက ကိုယ့် ညီလေးပါ"
"ဪ"
ဪ...ကိုကိုသည် လုပ်ရက်လိုက်တာ။
သို့ရာတွင် အမှတ်မရှိသော မင်ကတော့...
"ကိုကို...ဒီအမျိူးသမီးကရော ဟင်?"
နောက်ဆုံး မျှော်လင့်ချက်လေးပါ ကိုကို...။
မရိုက်ချိုးပစ်ပါနဲ့လား။"ကိုယ့်ချစ်သူပါ"
ကိုကိုသည် ဤအဖြေပေါ်တော့ စဉ်းစားတွေဝေခြင်း အလျဉ်းမရှိပါလေ။
အတည်တကျ ရွေးချယ်ထားခဲ့သော ရေရာသေချာမှုတစ်ခုပေမို့လား။ဂျီမင်း ဖမ်းဆုပ်မိသော နောက်ဆုံးမျှော်လင့်ခြင်းလေးများသည်တော့ ကိုကို၏ သတ်မှတ်ချက်တွေအောက် တစ်စစီ။
အာ မင်လည်း ကိုကို့အချစ်ကို ပိုင်ဆိုင်နိုင်တဲ့ လူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံချင်လိုက်တာနော်...
ရက်စက်မှုတွေက ဖေတရာထပ်နေပေမယ့်လည်း အရူးလိုပဲ မင်က ကိုကို့အချစ်ကို ရမယ်ထင်နေတုန်း။
မင်က သိပ်အတာပဲနော် ကိုကို...။
ကိုကို့ခံစားချက်တွေကို မင် ထည့်မတွက်မိဘူး။
မင့်လို ယောင်္ကျားတစ်ယောက်ကို ချစ်မည့်အစား ရုပ်ဖြောင့်ဖြောင့်ကိုကိုက မိန်းမလှလေးကိုပဲ သဘောကျနိုင်မှာကို မင် နားလည်ခဲ့သင့်တာ။