"ကိုကို"
"အွန်း မင်"
ညသန်းခေါင်မတိုင်ခင် အချိန်...
ဂျောင်ကု အရေးတကြီး အလုပ်လုပ်နေသော စာကြည့်ခန်းထဲသို့ ဂျီမင်း ဝင်လာခဲ့သည်။"မအိပ်သေးဘူးလား ကိုကို"
"အင်း အလုပ် ကျန်သေးလို့"
"အော်..."
မင်ဝင်လာစဉ် ဆိုဖာပေါ် ခေါင်းအုံးပြင်ကာ စောင်ယူပြီး လှဲလျောင်းရန် ဟန်ပြင်နေသော ကိုကိုသည်...
မေးလိုက်တော့မှ စောင်ကို ချက်ချင်းပစ်ကာ အလုပ်စားပွဲတွင် ဝင်ထိုင်လိုက်ပြန်တော့ "အော်"ဟုသာ မင် ပြောနိုင်တော့ပါသည်။"ဒါလေး သောက်လိုက်နော် ကိုကို"
ပါလာသော နွားနို့ခွက်လေးကို မင် အလုပ်စားပွဲပေါ်တင်ပေးလိုက်ပါသည်။"အရမ်းလည်း အလွန်အကျွံမလုပ်ပါနဲ့ ကိုကို...
အရမ်းပင်ပန်းရင် မင် ဒယ်ဒီကို ပြောပေးမယ်လေ""မပြောပါနဲ့ ကိုယ် အဆင်ပြေပါတယ်"
"အွန်း ဂရုစိုက်နော် ။
ရာသီဥတုက အေးလာပြီ။
စောင်လိုအပ်ရင် မင်တို့အခန်းထဲလာခဲ့ပါ""..."
"စောင် လာယူလို့ရတယ် ပြောတာပါ။
မင်တို့ အိပ်ခန်းသော့တော့ ရှိသေးတယ်မလား""အွန်း"
"အင်း ဒါဆို မင် သွားတော့မယ်နော်..ကိုကို~"
ကိုကို့အခန်းထဲမှ ထွက်ကာ အထီးကျန်ဆန်တဲ့ အိပ်ခန်းလေးသို့ အမြန်ဆုံး ဝင်လာလိုက်သည်။
အင်း ကိုကို ရေမိုးချိုး အဝတ်အစားလဲချိန်မှလွှဲ.. ခြေဦးမလှည့်တော့တဲ့ အခန်းငယ်လေးကိုပေါ့။စီးကျနေသော မျက်ရည်များကို အကြမ်းပတမ်း သုတ်ပစ်သော်လည်း တားဆီးခြင်းငှာတော့ မစွမ်းသာ။
ထင်တဲ့အတိုင်းက...ဖြစ်မလာဘူးပဲ။
ပိုပြီးတောင် အေးစက်သွားသလို...
ကိုကိုက အသည်းမာလိုက်တာ။သွေးသားနှီးနှောသည့် အချိန်အခါလေးပဲ စိတ်ရှိခဲ့သလိုပါလား။
အရာရာပုံအပ်ပြီးမှ ကိုကိုသည် ပို၍ရှောင်ဖယ်နေသလို...။
မဟုတ်...မင့်တစ်ယောက်ကိုသာ အကြိမ်ကြိမ်ရှောင်ဖယ်လာခဲ့သည်မှာ အတိအကျသေချာပါသည်။