Glimpse

1.4K 79 2
                                    

တိမ်စိုင်တွေက လေပြည်တွေသွားတဲ့‌ဆီကို ယိမ်းတယ် ။
ကောင်းကင်ပြာပြာမှာ တိမ်ဖြူဖြူတွေဟာ အပြေးကလေး ။

အဝါရောင် ဆေးသုတ်ထားပါတဲ့ လမ်းမီးတိုင်ဟာ လမ်းလယ်မှာ အထီးကျန်စရာပဲ ။ အညိုရောင် ခုံတန်းကလေးနဲ့ အစိမ်းရောင်သစ်ပင်တွေကတော့ ကြည့်ရှုလို့ကောင်းအောင် ပနံသင့်နေခဲ့ပုံ ။

" မနက်ဖြန် ဘာနေ့လဲ သိလား "

သူမှတ်တာ မမှားဘူးဆိုရင် Jeremy Lewisက ခုနကအထိ သူထိုင်နေတဲ့ခုံရဲ့ အရှေ့မှာ မရှိသေးဘူး ။
အဲ့ဒီလူက လခြမ်းကွေးလို မျက်၀န်းတွေပေါ်အောင် ပြုံးရယ်နေတဲ့ အခိုက်အတန့်တိုင်းကို ဂျယ်မင်းက တခုတ်တရဖမ်းဆုပ်မိတယ် .. ဟိုးအရင်ကအတိုင်း ၊ ဟိုးအရင်ကလို မပြောင်းမလဲ ။

ပြန်လည်ပြုံးပြလိုက်မိတော့ စားပွဲပေါ်တင်ထားတဲ့ သူ့လက်တွေကို Jeremyက ဆုပ်ကိုင်လာတယ် ။
မျက်လုံး‌အောက်က မှဲ့နက်ကလေးက ဂျယ်မင်းရူးသွပ်သွားစေမဲ့ ဆေးပဲ ။
တကယ်ကို ရူးသွပ်သွားနိုင်လောက်ပါတဲ့ ..။

Jeremy Lewisက ကိုရီးယားမိခင်ကြောင့် ကိုရီးယားစာကို ပိုင်ပိုင်နိုင်နိုင် ပြောတတ်လှတယ် ။
နာမည်ကတော့ အစကအဆုံး အင်္ဂလိပ်လို ။
ဘာပဲဖြစ်ဖြစ်တော့ Jeremyက ဂျယ်မင်းရဲ့ ငြိတွယ်စရာလေး ဖြစ်လို့နေတာပါပဲ ။

ဘယ်သူက ဘယ်သူ့ကိုရူးသွပ်နေသလဲ မပြောတတ်ဘူး ။
သေချာတာက နှစ်ယောက်စလုံးဟာ ရူးသွပ်နေကြတာ ဖြစ်နိုင်တယ် ။

" James .. ကိုယ်မေးနေတာ မနက်ဖြန်က ဘာနေ့လဲမှတ်မိသလားလို့ "

Jeremyက ပုံမှန်ဆိုရင် ဂျယ်မင်းလို့ ခေါ်လေ့ရှိတာ ရှားတယ် ။
လော့စ်အိန်ဂျယ်လိစ်ရဲ့ နေ့ရက်တွေထဲမှာ ဂျယ်မင်းက ဂျိမ်းစ်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တာ ။
ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ ပြောင်းလဲခဲ့သလား ။

Jeremyက သူကြိုမှာထားပေးတဲ့ လတ်တေးခွက်ကို မမှိတ်မသုန်စိုက်ကြည့်လို့ရယ် ကြေကွဲတော့မယောင် မျက်၀န်းတွေနဲ့ ။ ဂျယ်မင်းက သက်ပြင်းတိုးတိုးလေး ချရတယ် ။

နေ့ရက်တွေကို လွယ်လွယ်မမှတ်မိနိုင်တာ မဟုတ်ဘဲ ၊
ဦးနှောက်အကန့်ကလေးဟာ နောက်တစ်ခုကို ထပ်ပြီး ထည့်သွင်းတာမျိုး မလုပ်ချင်တော့တာဖြစ်မယ် ။
ခေါင်းစဉ်တစ်ခုတည်းအောက် ကွဲပြားနေတဲ့နေ့ရက်တွေလေ ။
မှတ်မိရင်တောင်မှ ထုတ်ပြောဖို့ကို ခဲယဉ်းလှပါတဲ့ .. ။

𝙂𝙡𝙞𝙢𝙥𝙨𝙚 𝙊𝙛 𝙐𝙨 // 𝙉𝙤𝙈𝙞𝙣Where stories live. Discover now