" ဂျစ်ကီ့ကို မခေါ်ဘဲ သွားကြမလား "
" ကလေးက အထီးကျန်နေဦးမယ် ခေါ်သွားရအောင်ပါ "
ဂျဲနိုနဲ့ ဂျယ်မင်းက သူတို့ရဲ့ ဒိတ်အတွက် ပြင်ဆင်နေကြပြီး ဂျစ်ကီက သူတို့အနားမှာ လိုက်ပြီး ပွတ်သပ်နေတယ် ။
မှန်တင်ခုံရှေ့မှာ ဂျယ်မင်းစွတ်လိုက်တဲ့ လာဗန်ဒါရေမွှေးနံ့ဟာ သူတို့ရဲ့ အဖြူရောင်အခန်းလေးတစ်ခုလုံးကို မွှေးပျံ့သွားစေပြီး ဂျဲနိုက ပြုံးလိုက်ရတဲ့အထိ ။အဖြူရောင် လက်ရှည်အင်္ကျီရယ် ဂျင်းဘောင်းဘီရယ် ၀တ်ထားတာက ဂျဲနိုနဲ့ ရူးလောက်အောင် လိုက်ဖက်တယ်လို့ ဂျယ်မင်းက ထင်မိရရဲ့ ။
ဂျဲနိုက ဂျယ်မင်းကို ခေါင်းအစ ခြေအဆုံး ကြည့်လာတော့ မနေတတ်ရပြန်တာက ဂျယ်မင်းပဲ ။" ဘာဖြစ်နေတာလဲ "
ဂျဲနိုနဲ့ ဂျယ်မင်းစပြီး တစ်အိမ်ထဲအတူတူနေဖို့ ဆုံးဖြတ်ခဲ့တာ အသက်နှစ်ဆယ့်နှစ် သူတို့ကျောင်းပြီးကြတဲ့အချိန်မှာပဲ ။
တိတိကျကျပြောရရင် အဲ့ဒီတုန်းက ဂျယ်မင်းက နှစ်ဆယ့်နှစ်နှစ်ပြည့်ဖို့ နှစ်လလိုသေးတယ် ။ငယ်သူငယ်ချင်းတွေ မဟုတ်ဘဲ ဂျဲနိုနဲ့ ဂျယ်မင်းက တက္ကသိုလ်ဒုတိယနှစ် ၊ အိုင်အာက အီမာ့ခ်ရဲ့ မွေးနေ့ပါတီရောက်မှ စသိခဲ့ကြတာ ။
ဂျဲနိုက အိုင်အာက ၊ ဂျယ်မင်းနဲ့ ဒုံးဟျော့ခ်က ရူပဗေဒ ။
တကယ်ဆို အီမာ့ခ်က ဂျယ်မင်းနဲ့ မွေးနေ့ဖိတ်ရလောက်တဲ့အထိ မရင်းနှီးဘဲ ဒုံးဟျော့ခ်နဲ့ပဲ ခင်ကြတာဖြစ်ပြီး ဒုံးဟျော့ခ်ကို အီမာ့ခ်က သူ့မွေးနေ့လာဖိတ်တဲ့အချိန် ဂျယ်မင်းပါရှိနေခဲ့လို့ ဒီပွဲကို အတူတူလာကြဖို့ အခေါ်ခံခဲ့ရရုံ ။ပါတီပွဲက လူတွေနဲ့ ဝေးတဲ့နေရာမှာ ထောင့်ကပ်ပြီး မုန့်ထိုင်စားနေတဲ့ ဂျယ်မင်းက ဂျဲနိုသတိထားမိစရာ ဖြစ်သွားသလား မသိခဲ့ဘူး ။ အဲ့တာကြောင့်လည်း ဂျယ်မင်းက အဲ့ဒီပါတီပွဲ လိုက်သွားခဲ့မိတာကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး ။
မှတ်မှတ်ရရ ဂျယ်မင်းစားနေခဲ့တာက eclairတစ်ခုနဲ့ macaronတချို့ပဲ ။ ဘေးမှာတော့ အရက်နဲ့ ဘီယာတွေအစားယူလာတဲ့ လိမ္မော်ရည်ခွက် တစ်ခွက်ရှိခဲ့လိမ့်မယ် ။
YOU ARE READING
𝙂𝙡𝙞𝙢𝙥𝙨𝙚 𝙊𝙛 𝙐𝙨 // 𝙉𝙤𝙈𝙞𝙣
FanfictionCause sometimes I look in his eyes And that's where I find a glimpse of us . Lee Jeno X Na Jaemin Started: 21 July 2022.