Of

558 64 1
                                    

" ဂျယ်မင်းနီးက ဘယ်အစား‌အသောက်ကို အကြိုက်ဆုံးလဲ "

" အင်း .. ဂျဲနို ဖျော်တိုက်တဲ့ အမေရီကာနို ! "

" ငါက အခုထိ လတ်တေးပဲ ဖျော်ဖူးသေးတာလေ ! "

ဂျယ်မင်းက တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ပျော်မြူးလို့ ။
အဲ့ဒီတစ်စုံတစ်ယောက်ဟာ ဂျဲနို ။
ဂျယ်မင်းရဲ့ အချစ်ရဆုံးလူ ၊ ဂျယ်မင်းရဲ့ ချစ်သူ ။

ဂျဲနိုက ရယ်လိုက်ရင် လခြမ်းကွေးလို မျက်၀န်းတွေနဲ့ ။
မျက်လုံးအောက်က မှဲ့နက်ကလေးက ဂျယ်မင်းရဲ့ စိတ်နှလုံးအစုံကို လှုပ်ခါနိုင်စွမ်းရှိတယ် ။

ဂျယ်မင်းက အမေရီကာနိုကို ကြိုက်ပြီး ၊ ဂျဲနိုက လတ်တေးကို ကြိုက်တယ် ။
ဂျဲနိုရဲ့ အိပ်မက်သေးသေးကလေးက ဂျယ်မင်းနဲ့အတူတူ ကော်ဖီဆိုင်လေးဖွင့်ဖို့ဖြစ်ပြီး အခုတော့ ဂျဲနိုက သင်တန်းတက်နေတုန်း ။

လတ်တေး‌ဖျော်နည်းကို အရင်သင်ရပြီး အမေရီကာနိုဟာ နောက်တစ်ပတ်မှ ဖြစ်တဲ့တိုင် ဂျယ်မင်းဟာ ဂျစ်တူးကလေး လုပ်လို့နေပြီ ။

လက်တေးနှစ်ခွက်ရယ် ရိုမန့်တစ်ရုပ်ရှင်တစ်ကားရယ်ဟာ ဒီပိတ်ရက်မှာ သူတို့နှစ်ယောက်အတွက် လုံလောက်တာထက် ပိုတယ် ။ ထပ်ဆောင်းအနေနဲ့ ခွေးကလေး ဂျစ်ကီရော ။

ဂျဲနိုက ဂျယ်မင်းကို ဖက်ထားပြီး ကလိထိုးတော့ ဂျယ်မင်းက အော်ရယ်မိတာပဲ ။ ဂျယ်မင်းနဲ့ အတူတူလိုက်ရယ်တဲ့ဂျဲနိုကြောင့် နှစ်ယောက်သားရဲ့ ရယ်သံတွေဟာ တစ်အိမ်လုံးမှာလွှမ်းလို့ ။

" ချစ်လိုက်တာ .. နာဂျယ်မင်း "

" ချစ်ရင် အမေရီကာနို ဖျော်ပေး "

ဂျဲနိုက သူ့နှာခေါင်းချွန်ချွန်ကို ဂျယ်မင်းပါးမို့မို့တွေပေါ် ကလူကျီစယ်လို့ ။ ဂျဲနို၀တ်ထားတဲ့ အစိမ်းနုရောင်ဟူဒီရဲ့ ကြိုးစကလေးကိုဆွဲပြီး ဂျယ်မင်းက ခိုးခိုးခစ်ခစ်ရယ်မိရပြန်တယ် ။

" ငါမင်းကို သိပ်ချစ်တာပဲ ဂျဲနိုရဲ့ သိလား "

" ဟုတ်ရဲ့လား "

ဂျဲနိုက ရယ်မောမနေတော့ဘူး ။
ဂျယ်မင်းက ငြိမ်ကျသွားရတယ် ။ ဂျဲနိုမျက်နှာဟာ ဘာကြောင့်များ တည်သွားရတာလဲလေ ။

𝙂𝙡𝙞𝙢𝙥𝙨𝙚 𝙊𝙛 𝙐𝙨 // 𝙉𝙤𝙈𝙞𝙣Where stories live. Discover now