အခန်းငယ်(၁)

2.3K 73 2
                                    

*ဇာတ်ကောင်နာမည်များ*

ကြင်နာရပျို့ (MC)
သရပါမောင် (ML)
ဦးပလွှား(ပျို့အဖေ)
ဒေါ်ဝသန်သင်း(သရပါ့အမေ)
နော်ခက်ထားဝေ
တင်စားထိုက်တန်

လှပသွယ်လျဖြူဖွေးကာ အပြစ်အနာအဆာကင်းစင်သောလက်က‌လေး‌တွေက တူရိယာသန့်သန့်ပေါ်ဖြတ်သန်းသွားလေသည်။ ပတ္တလားသံချိုမြမြက ပျို့ ပတ်လည်ကိုဝန်းရံသွားစေတယ်။ဂီတဟာနားဆင်သူထက်တီးခတ်သူကိုပို၍ခွန်အားပေးစေတယ်။

"ကြိုးပြတ်နေသောပတ္တလားသံသည်ပို၍ချိုမြ၏" တဲ့။

သူ့ရဲ့ အလိုမကျတိုင်း ပစ်ပေါက်ဖို့ခွဲတတ်လို့ မကြာခဏပြုပြင်ရတဲ့ပတ္တလားအဟောင်းလေးက ချိုမြိန်တဲ့သံစဉ်တွေကိုပိုပေးနေပါရောလား။

အခန်းငယ်ထဲ အေးချမ်းနေသော တေးဂီတသံ ကိုတီးခတ်ခံစားနေတုန်းမှာ ကျွန်းတံခါးချပ်ကြီးဟာ ကြမ်းတမ်းစွာ မြည်လို့ပွင့်သွားပါသတဲ့။

ပျို့လက်ကလေးရပ်သွားသော်ငြား လှည့်မကြည့်မိပါလေ။

သရပါမောင်မှလွဲ၍ မည်သူဖြစ်နိုင်ဦးမည်နည်း။

"ငါအကြိမ်ကြိမ်သတိပေးထားပါရက်နဲ့ ဘယ်လိုလုပ်ချလိုက်တာလဲ ကြင်နာရပျို့..."

ပျို့ ရိပ်တိပ်တိပ်ပြုံးကာ ‌ဖြည်းညှင်းစွာ ထလိုက်သည်။

"မောင့်ရဲ့သက်ဝင်ယုံကြည်မှုတွေကိုတစ်စချင်းစီဖျက်ဆီးပစ်မှငါ့ဘက်လှည့်ကြည့်မှာလား မောင်
နံပါတ်တစ်အရေးကြီးတဲ့အရာက ဘယ်ဟာလဲ

မောင့်ကိုလွှမ်းမိုးနိုင်မှုကလွဲပြီးတခြားဘာများဖြစ်နိုင်ဦးမှာလဲ။

"ကြင်နာရပျို့ မင်းကို သိပ်သိပ်မုန်းမိအောင် အဲ့လိုစကားမျိုးတွေ ထပ်မပြောနဲ့ "

"ကျွတ်စ် ကျွတ်စ် မောင်ဟာလေ ဘယ်သူကများတားနေလို့လဲ စကတည်းက မုန်းပြီးသားမဟုတ်လား အချစ်နဲ့အမုန်းကအိမ်နီးချင်းတွေမို့ မောင်ချစ်မိသွားမှာစိုးလို့တောင် ဒီက မောင်မချစ်ရ လို့ အမိန့်ထုတ်ထားခဲ့တာမလား ဟင်... ဖြေလှည့်ပါဦး"

သိပ်ကို ထက်မြက် ထက်ရှလွန်းတဲ့ မုန်းစရာ လူသားဆီက ထိုသို့ပြောခံရတာ အိမ်မှာကျန်ခဲ့တဲ့မေမေ့တောင်အားနာမိပါရဲ့။ သည်လိုစောက်ပြောခံရဖို့သည်သားကိုမွေးခဲ့တယ်ဆိုပြီးရင်ထုမနာဖြစ်လေမလား။

မောင်မချစ်ရWhere stories live. Discover now