Unicode
********
နော်ခက်ထားဝေ က သူ့အတွက် ညီမတစ်ယောက်သာသာရယ်ပါ။ တစ်ခါတလေမှာလူတွေရဲ့အတ္တဟာသိပ်ကိုကြောက်ဖို့ကောင်းရှာတယ်။ ကြင်နာရပျို့ ကို စိတ်ဆင်းရဲစေဖို့အတွက် မိန်းကလေးတစ်ယောက်ကိုအသုံးချမိတာ ယောကျာ်းမဆန်ဘူး ပြောရင်လည်းမတတ်နိုင်။နှလုံးသားက ဆန့်ကျင်နေတယ်။
အဲ့ သည့်သူကို မုန်းတီးပစ်ဖို့ မခက်ခဲတဲ့အတွက် ချစ်မိသွားဖို့မခက်ခဲမှာလည်းသူကြောက်ပါတယ်။အချစ်ဟာ သူ့အတွက်တော့ အဲ့ ယောကျာ်းကလွဲရင် ကျန်တဲ့မည်သူမဆိုဖြစ်ခွင့်ပြုနိုင်ပါတယ်။
အတ္တမဆန်သောအတ္တပါလေ
"စာရေးကြီး ဟော့တော် ပြန်ပါရှင် အဆောင်က မယ် တချို့အထင်လွဲသွားရင်မကောင်းဘူး"
"နော်ခက် ကျုပ်တို့ရိုးသားတာ ကျုပ်တို့သိနေတာပဲ နော်ခက်ကဘာတွေဂရုစိုက်နေရသလဲ"
နော်ခက်ထားဝေသက်ပြင်းချလိုက်ကာ
"အဲ့နေ့က ကျွန်မ မောင်ငယ်အတွက် အခွင့်အလမ်းရှာပေးချင်ဇောနဲ့ စာရေးကြီးနဲ့ ခင်ပွန်းလောင်းကြား ကန့်လန့်ပါသလိုဖြစ်သွားမိတယ် ခုထိပြန်တွေးရင် ကျွန်မရှက်ပါရဲ့ လူတွေအမြင်မှာ စေ့စပ်ထားတဲ့ယောကျာ်းတစ်ယောက်ကို လိုက်ကပ်နေတဲ့ သိမ်နုပ်ညံ့ဖျင်းတဲ့မိန်းကလေးအဖြစ်မနေပါရစေနဲ့တော့ ကျွန်မဌာနပြောင်းဖို့လည်းစာတင်ပြီးပါပြီ"
"မင်းအမျိုးသားရော သိသွားသလား"
နော်ခက်ထားဝေရှက်ရွံ့စွာခေါင်းညိတ်ပြပြီးမကြာပါ။ သူ့အားလူတစ်ယောက်ကဆွဲလှည့်ကာ လက်သီးတစ်လုံးပစ်သွင်းလာသည်။
"ကိုမောင်ငယ် ခင်ဗျားမှားမယ်"
"ဖယ်စမ်း နော်ခက် ငါလူသတ်ဖို့ ဝန်မလေးဘူးနော် သည်လူကို သည်နေရာထိခေါ်တွေ့ရအောင်ဘာကများ မင်းကို ပြုစားနေလဲ ဟင် နော်ခက် မင်းမရှက်ဘူးလား"
တားမြစ်နေတဲ့နော်ခက်ထားဝေချုံးပွဲကျငိုမိသလို ကိုယ့်ကြောင့်ချစ်သူနှစ်ဦး အထင်အမြင်လွဲနာကျင်နေရခြင်းကို သူကိုယ်တိုင်လည်းစက်ဆုပ်မိပါ၏။
YOU ARE READING
မောင်မချစ်ရ
Short Storyနှလုံးသားကစည်းချက်မှန်မှန်သတိပေးနေတယ် အလိမ်မခံရ၊ မလှည့်စားရ ပြီးတော့ အရေးကြီးဆုံးက "မောင်မချစ်ရ" တဲ့ ညှို့တတ်တဲ့ အပြုံးတွေထဲမှာ သေဆေးတစ်ခွက်များကပ်ငြိသလား မောင် သည်လူက သောက်ဖို့ ဝန်မလေးတော့သလိုပဲလေ...