Zawgyi code
အမှောင်အတိဖုံးလွှမ်းနေသောအခန်းထောင့်မှာကောင်လေးတစ်ယောက်ထိုင်နေစဉ်နားထဲသို့ငြိမ့်ညောင်းသာယာစွာ တိုးဝင်လာသည်က စန္ဒယားသံကိုနားစိုက်လိုက်တယ်။
ဒီအသံကိုအလင်းတန်းတစ်ခုသဖွယ်ကောင်လေးဟာယုံကြည်ခဲ့ရင်းအိမ်မက်ထဲထိလဲ ဒီအသံကစွဲမြဲနေဆဲပါ…။
"နိုးဝါ ဒီညနေအားလား"
"အင်း…ပွဲမရှိတော့ အားပါတယ်…ဘာလို့လဲ"
"ငါတို့အဖွဲ့တွေ သီချင်းစုတီးရအောင်ကွာ"
"အင်း…"
"မင်းကလဲကွာ…လာမလား မလာဘူးလားဘဲပြောစမ်းပါ"နိုးဝါခဏမျှငြိမ်သက်သွားပြီးနောက်တော့သွားရန်ဆုံးဖြတ်ကာစိတ်လျှော့ရင်းသက်ပြင်းချလိုက်တယ်။
နိုးတို့သူငယ်ချင်းအဖွဲမဆုံတာကြာပြီ…။"အင်း…ငါလာခဲ့မယ်"
"ဒါဆိုရင်ငါတို့အရင် သီချင်းဆိုနေကျအိမ်ကိုဘဲလာခဲ့နော်"
"အေး"
နိုးဝါကတော့သူငယ်ချင်းတွေစုပြီးသီးချင်းတီးကြမယ်ဆိုတာကြောင့် လက်ရည်တက်ဖို့စန္ဒယားတီးလေ့ကျင့်ရင်းမနက်တစ်ပိုင်းကုန်ဆုံးလိုက်တယ်။
"လူစုံလှချည်လား"
"တစ်ယောက်မှလွတ်လွတ်ကျွတ်ကျွတ်အားကြတာမဟုတ်ဘူး မရမကစုထားရတာ"
နိုးဝါတို့သူငယ်ချင်းတွေကအားတဲ့သူမရှိပေ…သီချင်းဆိုတဲ့သူနဲ့ ဂီတာတီးတဲ့သူ စန္ဒယားတီးတဲ့သူနဲ့အလုပ်ကိုယ်စီရှုပ်နေကြတာမို့ သင်တန်းဆင်းပြီးနှစ်ကြာတာနဲ့ ကွဲကွာကုန်ကြတယ်။
နိုးဝါတို့ရဲ့အဖွဲ့ကမဆုံတာကြာပေမဲ့နွေးထွေးမှုတွေမပျောက်သေးသလိုသံစဉ်တွေကိုလဲချစ်နေကြဆဲပါဘဲ…။
နိုးဝါသည်နေ့တစ်ဝက်လေ့ကျင့်လာရသောကြောင့် အားအင်အပြည့်နှင့်စန္ဒယားပေါ်တွင်လက်ချောင်းများကိုပြေးလွားကာပျော်ရွင်စွာ သံစဉ်များနှင့်စီးမျောနေလိုက်တယ်။
သူငယ်ချင်းများကလဲနိုးဝါနှင့်ထပ်တူပျော်နေကြရှာတယ်။"နောက်ကျနေပြီထင်တယ်"
"၁၁နာရီဘဲရှိပါသေးတယ်ကွ"
ESTÁS LEYENDO
ချစ်သောနီးဂျာဝါ (Completed)
Romanceနီးဂျာဝါတောမှာအဆုံးသတ်ပြီးနောက်ဆုံးဆိုတာတွေများလွန်းတော့ တစ်စုံတစ်ယောက်ဆီကချစ်ခြင်းမေတ္တာတွေကလဲ နီးဂျာဝါတောရဲ့အလွန်မှာအဆုံးမသတ်ဖို့ ဆုတောင်းမိတယ်။ နီးဂျာဝါတောမှာအဆုံးသတ်ပြီးနောက်ဆုံးဆိုတာတွေများလွန်းတော့ တစ်စုံတစ်ယောက်ဆီကချစ်ခြင်းမေတ္တာတွေကလဲ နီးဂျာဝ...