[Zawgyi]
ကမ်းခြေတစ်ပတ်ကိုဆိုင်ကယ်ဖြင့်ပတ်ပြီးနောက်
Seokjinရဲ့စိတ်အခြေအနေသည်တော်တော် ကြည်လင်နေသည်။ ပြာလဲ့လဲ့ကောင်းကင်ကြီးအောက်ကပြာလဲ့လဲ့ပင်လယ်ကြီးသည်ကောင်းကင်ရဲ့အရိပ်ထင်ဟပ်နေသကဲ့သို့ပင်။တမေ့တမောငေးမောနေရင်းသတိမထားမိပဲNamjoonရဲ့ခါးကိုပိုမိုတင်းကြပ်အောင်ဖက်ပစ်လိုက်သောကြောင့်
Namjoonတစ်ယောက်အင့်ခနဲအသံထွက်သွားကာပါးချိုင့်ကြီးခွက်နေအောင်ပင်ပြုံးမိလိုက်သည်။ဒီကောင်လေးကိုစတွေ့ကထဲကVampireမှန်းသိနေသော်လည်းသိပ်တောင်မယုံချင်။ပန်းရောင်သန်းနေသောအသားအရေနှင့်အတူချယ်ရီသီးကဲ့သို့ရွှန်းစိုနေသောနှုတ်ခမ်းဖူးလေးကြောင့်လူကစစတွေ့ချင်းတုန်းကဂယောင်ချောက်ခြားတောင်ဖြစ်ခဲ့ရသည်။
ဝံပုလွေကြီးရဲ့အေးစက်နေတဲ့နှလုံးသားကိုနေရောင်ခြည်နုနုလေးနဲ့တဖြည်းဖြည်းအရည်ပျော်အောင်လုပ်ခဲ့သူကဆန့်ကျင်ဖက်မျိုးနွယ်ကရန်ဖက်ဟုမဆိုသောရန်ဖက်ကောင်လေး။
ဒီကောင်လေးနဲ့နီးစပ်ချင်လွန်းလို့ကိုယ်တွေမျိုးနွယ်စုဖက်ကငြိမ်းချမ်းရေးအရင်စယူရန်အဖေ့ကိုနားချခဲ့ရသည်။ကံကောင်းသွားသည်ကနဂိုထဲကအားလုံးနှင့်ငြိမ်းချမ်းရေးယူကာFoxမြို့လေးကိုသေချာစောင့်ရှောက်ချင်နေသည့်အဖေကသူ့စကားကိုအလွယ်တကူပင်လက်ခံခဲ့သည်။
အရာအားလုံးအဆင်ပြေအောင်သူဘယ်လောက်ကြိုးစားခဲ့ရမှန်းဒီVampireပေါက်စကမသိ။ပိုဆိုးသည်ကညီငယ်
Taehyungကို တွေ့တာနှင့်အစွယ်တစ်ပြပြနှင့်။Taehyungကတော့Hoseokတစ်ခွန်းဆိုငြိမ်ကျသွားတဲ့သူဖြစ်သည့်အတွက်သူငယ်ချင်းဖြစ်သူအားညီလေးကိုနားချပေးရန်အကူအညီတောင်းထားသောကြောင့်ဒီပေါက်စကိုနားချဖို့ကသူ့တာဝန်ဖြစ်လာခဲ့သည်။
သူနှင့်လည်းသိပ်အကြောမတည့်သောကြောင့်ဘယ်လိုဘယ်ပုံနဲ့ရင်းနှီးအောင်ဝင်ရောရမလဲခေါင်းပွင့်မတတ်စဉ်းစားနေရသည်။
Seokjinတစ်ယောက်သတိလက်လွတ်ဖြင့်
Namjoonကိုအားကုန်ဖက်ထားခဲ့ရာမှသတိပြန်ဝင်လာသောကြောင့်နားရွက်လေးတွေရဲတက်လာရသည်။Namjoon ကျောပြင်ကိုပုတ်လိုက်ကာ
YOU ARE READING
The City FOX , Start Our Love 🍀
Werewolfကြီးပျင်းလာတဲ့နေရာတွေမတူကြပေမဲ့ JoonရှိရာFOXမြို့လေးကိုJinရောက်လာတဲ့အခါ 💜 ကြီးပျင်းလာတဲ့နေရာတွေမတူကြပေမဲ့ JoonရှိရာFOXမြို့လေးကို ိုJinရောက်လာတဲ့အခါ 💜