Unicodeရောက်ကတည်းကကုတင်ပေါ်မှာအနားယူနေမိသည်။ခဏအကြာတွင်ရေချိုးခန်းထဲဝင်ကာရေမိုးချိုးနေလိုက်သည်။အပြင်ဘက်သို့ကြည့်မိလိုက်တော့မိုးတောင်ချုပ်နေပြီ။ဦးလေးကတံခါးလာခေါက်ကာအောက်သို့ဆင်းရန်လာခေါ်၏။seokjinလဲအဝတ်လဲကာဆင်းလာလေသည်။
ဧည့်ခန်းတွင်သူ့ကိုထိုင်စောင့်နေသောကျောပြင်နှစ်ခု…..
ဦးလေးကသူ့ပုခုံးကိုလာဖက်ကာခေါ်သည်။“လာ….ထိုင်လေjin”
ဆိုဖာပေါ်တွင်ထိုင်ကာသူ့ရှေ့မှကောင်လေးနှစ်ယောက်ကိုကြည့်လိုက်သည်။
တစ်ယောက်ကမျက်လုံးမှေးမှေးနှင့်အသားဆွတ်ဆွတ်ဖြူနေပြီးမျက်နှာကရေခဲရိုက်မျက်နှာနှင့်
နောက်တစ်ယောက်ကပါးဖောင်းဖောင်းလေးနှင့်မျက်လုံးများမှတ်နေသည်အထိသူ့ကိုပြုံးပြနေသည်။
ဦးလေးကစပြီးမိတ်ဆက်ပေးသည်။“ဒါmin yoongiနဲ့min jiminတဲ့….ဦးလေးရဲ့မွေးစားသားတွေလေ”
jiminဆိုသောကောင်လေးကလက်ကိုဆန့်ကာ
“တွေ့ရတာဝမ်းသာပါတယ်jin….မင်းအကြောင်းတွေတော့အဖေကခဏခဏပြောပြထားလို့
ကျွန်တော်တို့နဲ့ရင်းနှီးနေပါပြီ….လူချင်းကတော့ခုမှတွေ့ရတော့တယ်”မျက်နှာဖောင်းဖောင်းလေးနှင့်တော်တော်ချစ်ဖို့ကောင်းတဲ့ကောင်လေးဟုjinတွေးမိလိုက်သည်။
ရေခဲရိုက်မျက်နှာနှင့်yoon giဆိုသောကောင်လေးက“ကျွန်တော်ကmin yoongiပါjin”
**အမလေး…ဒါပဲလား..နှုတ်ဆက်တာကလဲ…သူ့ကြည့်ရတာသိပ်စိတ်မဝင်စားသလိုပဲ**
jinတစ်ယောက်ကိုယ့်ဖာသာတွေးမိလိုက်သည်။
“အာ…yoogiကလဲ…စကားလေးဘာလေးသေချာပြောတော့ဘာဖြစ်မှာမို့လို့လဲ”
jiminကနှုတ်ခမ်းဆူကာပြောလေသည်။ပြီးနောက်jinဘက်သို့လှည့်လာကာအားနာလေဟန်ဖြင့်
“စိတ်မဆိုးပါနဲ့နော်….သူကအပြောအဆိုမတတ်ဖူး…စိတ်ရင်းကတော့ကောင်းပါတယ်”
“ရပါတယ်….အကိုနားလည်ပါတယ်”
ဦးလေးကရီကာ
“သူတို့ကဒီလိုပဲ….jiminလေးကဖော်ရွေတယ်…yoongiကတော့တကယ့်ရေခဲတုန်း…နေတာကြာသွားရင်မင်းသူတို့ကိုနားလည်လာမှာပါ”
YOU ARE READING
The City FOX , Start Our Love 🍀
Werewolfကြီးပျင်းလာတဲ့နေရာတွေမတူကြပေမဲ့ JoonရှိရာFOXမြို့လေးကိုJinရောက်လာတဲ့အခါ 💜 ကြီးပျင်းလာတဲ့နေရာတွေမတူကြပေမဲ့ JoonရှိရာFOXမြို့လေးကို ိုJinရောက်လာတဲ့အခါ 💜