(အပိုင်း ၂)

2.5K 232 0
                                    

အဖြူရောင်ချစ်ခြင်း☁💙

(အပိုင်း-၂)

တကယ်မလွယ်ပါဘူး။ ဂျီမင် ရဲ့ခန္ဓာကိုယ်ကို ကုန်းပိုးပြီး တိုက်ခန်းထိရောက်အောင် ပြန်ရတယ်ဆိုတာ။ ကိုယ်တော်ချောကတော့ ကျောပေါ်မှာ အလိုက်သင့် ဇိမ်ခံလိုက်ရုံပဲ။ ဒီလူဘာတွေဖြစ်နေလဲဆိုတာ ဘာမှသိမှာမဟုတ်ဘူး။ လှေကားထစ်တွေလည်း ကုန်းပိုးထားရင်းတက်ရတာပဲ။

ခုလည်း အဲ့လှေကားထစ်တွေကို ကျော်ဖြတ်ပြီး တိုက်ခန်းရှေ့ရောက်နေပြီ။ ဂျီမင် ကတော့ ဂျောင်ကုကျောပေါ်မှာ ဇိမ်ထုတ်ပြီး အိပ်ကောင်းတုန်း။ ဂျောင်ဂု ဂျီမင်ကို ကုန်းပိုးထားရင်း Passwordနံပါတ်ရိုက်ပြီး တံခါးဖွင့်လိုက်သည်။ ထို့နောက် ဧည့်ခန်းက ဆိုဖာပေါ်မှာ ဂျီမင်ကို ပစ်ချလိုက်၏။ သူလည်းဆိုဖာပေါ် မှောက်ရပ်လဲကာ ခြေကုန်လက်ပန်းကျနေသည်။

"အား... Jimin ah...တကယ်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်နေလိုက်တာ "

ဆိုဖာပေါ် ခွေခွေလေးအိပ်နေတဲ့ ဂျီမင် ကို ဂျောင်ကု ကြည့်မိသည်။ ဆိုဖာနဲ့ဖိကပ်ပြီးအိပ်နေတာဆိုတော့ ပါးလေးက ဖောင်းကစ်နေ၏။ ဂျောင်ကု ဂျီမင် ရဲ့ပုံစံကိုကြည့်ကာ ပြုံးမိသည်။

"အဟင်း Jimin Hyungအိပ်နေတာလေးက ချစ်ဖို့ကောင်းတယ် "

တကယ် အဲ့လိုတွေးနေမိတာ။ ဂျီမင်က တကယ်ကိုချစ်ဖို့ကောင်းတယ်။ ဘာအပူပင်မှ မရှိပဲ အိပ်နေလိုက်တာ ခလေးလေးကျနေတာပဲ။ တစ်ခါတစ်လေ ကိုယ့်စိတ်ကိုယ်ပင် မလုံချင်ချင်။ ဂျီမင် နဲ့ပတ်သတ်ပြီးခုလိုတွေ တွေးနေတာ သဘာဝကျရဲ့လား။ ချစ်ဖို့ကောင်းလို့ ချစ်ဖို့ကောင်းတယ်ပြောတာ သဘာဝမကျစရာဘာရှိလို့လဲ။

ဒီတိုင်းဆက်ကြည့်နေလို့မဖြစ်ဘူး။ ဂျီမင်အခန်းကို လိုက်ပို့ပေးရအုံးမယ်။နေရာမှထကာ ဂျီမင့်ကိုနှိုးလိုက်သည်။

"Jimin ah... Jimin ah..."

"Arr... Wae...ငါအိပ်နေတာကို လာမနှောက်ယှက်ပါနဲ့ ..."

မျက်လုံးမှိတ်ထားလျက် အိပ်ချင်မူးတူးနှင့် ပြန်ဖြေသည်။

"အိပ်ချင်ရင်် Jimin Hyung အခန်းကို ပြန်အိပ်... ဒါ ဧည့်ခန်းမှာ Jimin ah..."

"အဖြူရောင်ချစ်ခြင်း"(Complete)Where stories live. Discover now