(အပိုင်း ၄)

1.8K 187 7
                                    

❝အဖြူရောင်ချစ်ခြင်း❞

(အပိုင်း-၄)

ဂျောင်ကု ဂျင်ယောင်းနဲ့အတူ လျှောက်လည်နေရင်း၊ ရုပ်ရှင်ကြည့်နေခြင်းဖြစ်သည်။ ရုပ်ရှင် ကြည့်နေစဥ် ဂျီမင့်ဆီမှ ဖုန်းလာ၍ ကိုင်လိုက်သည်။ သူနောက်ကျနေလို့ ဂျီမင် သူ့ကို စိတ်ပူနေတာပဲ။ အဲ့တာကြောင့် သူ တိုတိုတုတ်တုတ်ပြန်​ဖြေလိုက်သည်။

"အပြန်ကျမှ ကျနော်ရှင်းပြမယ်...ဂျီမင်..."

သူဖုန်းချလိုက်သည်။ ဂျင်ယောင်းနဲ့ အတူရုပ်ရှင်ဆက်ကြည့်နေပေမဲ့ သူ့စိတ်က ဂျီမင့်ဆီရောက်နေမိသည်။ ရုပ်ရှင်မြန်မြန်ပြီးပါစေလို့သာ ကြိတ်ဆုတောင်းနေမိသည်။ သူဂျီမင့်ကို ဘာမှမပြောပြလိုက်ရဘူး။ ဂျီမင် သူ့ကို စိတ်ပူနေလိမ့်မယ်။ အချိန်ခနကြာတော့ ရုပ်ရှင်လည်း ပြီးသွားသည်။

ဂျင်ယောင်းကို နှုတ်ဆက်ပြီး အိမ်ကို မြန်မြန်ပြန်လိုက်သည်။ တိုက်ခန်း တံခါးကပွင့်နေတာမို့...၊သူအိမ်ထဲကို လှမ်းကြည့်မိတော့၊ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်၊နှလုံးသား တစ်နေရာက နာကျင်သွားမိ၏။ မြင်ကွင်းကို ဥပေက္ခာပြုကာ၊ နာကျင်မှုကို လျစ်လျူရှူ့ရင်း တံခါးဝကနေ သူလှည့်ပြန်ထွက်သွားသည်။

ထို့နောက်...အသံတိတ် ပြုံးကာ...မျက်ရည်ကျရင်း

"ဂျီမင်နဲ့ ထယ်ယောင်းက တွဲနေကြတာလား...၊ငါ ဘာလို့ အစထဲက မရိပ်မိခဲ့ပါလိမ့်..."

နှလုံးသားထဲမှာ နာကျင်နေတုန်းပဲ...
အရင်က သူနှင့်ဂျီမင် သောက်နေကျ၊ ဟန်မြစ်ဘေးက ဆိုင်မှာ ဆိုဂျူထိုင်သောက်နေမိသည်။ အာဂျီမားကတောင် မေးနေသည်။
"မင်းကောင်လေးရော မပါဘူးလား" သူ​ပြန်ဖြေလိုက်သည်။
" မပါဘူး အာဂျီမား...၊ဒါနဲ့...သူကကျနော့်ကောင်လေး မဟုတ်ပါဘူး...၊အာဂျီမား အထင်လွဲနေတာ..."

"ဟုတ်လား အာဂျိီမားကမင်းတို့ကို အတွဲတွေထင်နေတာ၊ နှစ်ယောက်က လိုက်ဖက်တယ်ဆိုတော့..."

သူပြုံးလိုက်မိသည်။ ထို့နောက် ဆိုဂျူကိုသာ မရပ်မနားသောက်နေမိသည်။ ရင်ထဲမှာ ပူလောင်နေတာကို ဆိုဂျူနဲ့အတူ မျောချပစ်သည်။ ထိုချိန် ဘေးနားကို လူတစ်ယောက်လာရပ်သည်။ သူမော့ကြည့်မိတော့ 'ဂျင်ယောင်း'...

"အဖြူရောင်ချစ်ခြင်း"(Complete)Where stories live. Discover now