🤵1🤵

968 63 11
                                    

ကောင်းကင်ထက်မှာတိမ်ကင်းစင်ပြီးသာယာလှတဲ့နေ့တစ်နေ့လေးပေါ့ အပြင်ဘက်ရာသီဥတုကသာယာသလောက် Springကျောင်းတော်ကြီးရဲ့ကျောင်းအုပ်ဆရာကြီး ရုံးခန်းထဲတွင် ဒူးထောက်လက်မြှောက်ကာအပစ်ပေးခံထားရသောကျောင်းသား၃ယောက် သူတို့အရှေ့မှာတော့  ဘီးလူးသံပရာသီးနင်နေတဲ့မျက်နှာနဲ့ ရပ်နေသောသူတစ်ယောက်

ဒုန်း

'မင်းတို့ရုံးခန်းရောက်တာဒါဘယ်နှစ်ကြိမ်လဲ'

'မွေးကထဲကရောက်နေတာဆိုတော့ မမှတ်မိတော့ဘူးဆရာ'

ကျောင်းရဲ့အချစ်တော်ငမွှေစိန်ထဲမှတစ်ယောက် ထပြောတာပါ တော်တော်ဆိုးတဲ့၃ယောက်ပါဗျာ မူလတန်းကနေ အခု အထက်တန်းနောက်ဆုံးနှစ်ထိ ရုံးခန်းထဲကိုသူတို့အိမ်လိုအမြဲဝင်ထွက်နေကြတာ တစ်နှစ်ကိုရုံးခန်းကိုအခါ၅၀လောက် ရောက်လာကြတာသူတိူ့ကကို့ယ်ကိုမကြောက်တော့ဘူးကြာတော့

'မင်းတို့အဖွဲ့ဘယ်တော့မှတည်ငြိမ်မှာလဲ စာကျဘိတ်ချီးပရိုမတ်တွေ'

'စာကကျွန်တော်တို့နဲ့အလာဂျစ်ရှိလို့ပါပြီးတော့ ဆရာ‌တို့စာစစ်ရသက်သာအောင်လို့လုပ်ပေးတာ...'

'ဒုန်း'

'အမလေးဘုရား ကျောင်းဆရာနဲ့ငါနဲ့ညား'

'မင်းယွန်းဂီ!! ငါကတော့ဆူနေတယ်မင်းကငုတ်တုတ်တောင်အိပ်နေနိုင်သေးတယ် မင်းတို့မိဘတွေခေါ်လာခဲ့မနက်ဖြန်'

'ဆရာ တစ်...'

'တစ်ခါခွင့်လွှတ်ပေးပါမလုပ်နဲ့မင်းတို့တွေမနက်ဖန်ခေါ်ခဲ့တာဘဲ မခေါ်ခဲ့တော့ဟင်းဟင်းသိတယ်နော်'

ခင်များတို့စဉ်းစားကြည့်ဗျာ ကျွန်တော်တို့ပြသနာလေးပိစိလုပ်မိတာကိုမိဘခေါ်ခိုင်းတာကြားလိုက်လားဗျာ  ပြသာနာကတကယ်ပိစိလေးမှပိစိလေးဗျာ ဟိးဟိးကျောင်းအုပ်ကြီးကို ‌ရေဆေးအမဲနဲ့ပက်မိတာလေးဘဲရှိတာ ဟီးသူဘာသာအရစ်ရှည်ပြီး ကျောင်းခေါင်းမိုးကိုတက်လာတာကိုး ခံပေါ့ ကျွန်တော်တို့သူငယ်ချင်းသုံးယောက်အတန်လစ်ပြီးခေါင်မိုးတက်ကနံရံကိုပန်းချီဆွဲကြရင်းဆေးတွေနဲ့စနောက်ပက်ကြရင်းနဲ့ ဖြစ်တာပါဗျာ ကျွန်တော်နာမည်Min Yoongi သူငယ်ချင်းနှစ်ယောက်က Hyung & Neo ငယ်ပေါင်းကြီးဖော်ယွဖော်ယွဖက် စာဆိုဘိတ်ချီးပရိုမတ်ပူးတွဲချန်ပီယံတွေ

🤵Jeon's🤵Donde viven las historias. Descúbrelo ahora