(၁)

4 0 0
                                    

"ကိုရယ် ဒီအရက်တွေမသောက်ပါနဲ့လို့ ခင် ဘယ်နှခေါက်ပြောရမလဲ.."

မခင်ဆွေတစ်ယောက်ညီးတွားနေသည်။

ကိုခင်မြင့်ဆိုသူက အရပ်ရှည်ရှည် ၊
ရုပ်​ဖြောင့်ဖြောင့်နှင့်လူတစ်ယောက်။
သို့သော် အလုပ်ကြမ်းများကြောင့်လော ၊
အရက်ဒဏ်ကြောင့်ပဲလော မသိ
လူကစုတ်တီးစုတ်ဖတ်ဖြစ်နေသည်။

"ကို့ကိုပြောပေါင်းလဲများပြီ ဒီအရက်တွေမသောက်ပါနဲ့ဆိုတာကို ၊
ကျွန်မက ရှင့်ကိုချစ်လို့ အမေတို့သဘောမတူတာတောင်ယူခဲ့တာတော့။
ခုတော့ ရှင့်ဒီလိုပုံနဲ့ ကျွန်မ မိဘတွေကိုမျက်နှာဘယ်လိုပြရမလဲတော်.."

"ကိုလဲသောက်ချင်လို့ရယ်တော့ဘယ်ဟုတ်မလဲ ခင်ရယ်။
ဒိအလုပ်တွေက ပင်ပန်းတယ်ခင်ရဲ့ ခင်မသိတာလဲမဟုတ်ဘူး။
အရက်နဲနဲဝင်မှခံသာတာ။"

အရက်ကြမ်းလက်ကျန်ကိုမော့သောက်ရင်း ကိုခင်မြင့်ကပြောသည်။

"ကျွန်မတော့မောပါတယ်တော်။
ခုကျွန်မရှိစုမဲ့စုလေးတွေလဲ ကုန်ခါနီးပြီ ၊
ရှင့်အရက်ဖိုးနဲ့တင်ကျွန်မမကာမိဘူးရှင့်
ထုခွဲရောင်းချစရာဆိုလို့ ပန်းကန်တောင်ရှိတော့တာမဟုတ်ဘူး"

"အို ကိုကြံဖန်ရှာပေးမယ် ဟုတ်ပြီလား"
ပြွတ်စ်*

ကိုခင်မြင့်ကပြောရင်းပင် မခင်ဆွေဆီက
အနမ်းတစ်ပွင့်ခြွေလိုက်သည်။

"အို ဖယ်ပါ ရှင့်ဆီကအရက်စော်နံတယ်"

မခင်ဆွေက ကိုခင်မြင့်အားတွန်းဖယ်ရင်း နောက်ဖေးချောင်သို့ထွက်သွားသည်။

...

ကိုWhere stories live. Discover now