(၄)

151 24 0
                                    

To The One: Do You Know That I Love You ?  အပိုင်း (၄)

ရီရှင်း တံခါးနားမှာအိတ်လွယ်လို့ စိတ်ဓာတ်ကျစွာ ရပ်နေမိသည်။ မနေ့က စိတ်လွတ်သွားကာ ဖွင့်ပြောခဲ့သည့် မြင်ကွင်းကိုပဲပြန်မြင်ယောင်မိပြီး ဂျွန်​မြောင်နှင့် မျက်နှာချင်းမဆိုင်ရဲ၍ သူဒီတံခါးမှ မထွက်ရဲ။
ပိုဆိုးသည်မှာ ဂျွန်​မြောင်က တအံ့တဩနှင့် သူ့ကိုကြည့်နေချိန်မှာပဲ ရီရှင်း 'တောင်းပန်ပါတယ် ။ စိတ်ထဲမထားပါနဲ့ ဂျွန်ကော ´ ဟုဆိုကာ ထွက်ပြေးခဲ့ခြင်းဖြစ်၏။

နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ်ဟုတွေးကာ တံခါးကိုဆွဲဖွင့်ကာ ထွက်ခဲ့လိုက်သည်။ မျက်နှာချင်းဆိုင်မှ  ရှိမြဲတိုင်းရှိနေသည့်တံခါးကို တစ်ခဏလောက်ငေးမောနေမိပြီးမှ ရီရှင်း အောက်သို့ဆင်းခဲ့လိုက်၏။

လက်ပတ်နာရီကိုကြည့်မိရင်း ရီရှင်းအလျင်လိုနေမိလျက်။

" ရီရှင်း ~ "

ကားတံခါးဖွင့်တော့မဲ့ဆဲဆဲ ရီရှင်း လက်တွေတန့်ခနဲရပ်သွားကာ ခန္ဓာကိုယ်ကတောင့်တင်းသွားခဲ့သည်။

" ကိုယ်တို့ စကားခဏပြောရအောင် "

ရီရှင်း အသက်ပြင်းပြင်းရှူလိုက်ပြီး လှည့်ကြည့်လိုက်ချိန် ဂျွန်​​​မြောင်က စက်ဘီလေးကိုင်လျက်ရပ်နေကာ သူ့ကိုပြုံးပြ၏။

" ဂျွန်ကော... ကျွန်တော်..."

ပြောစရာစကားပျောက်ရှကာဖြင့်  ရီရှင်း ခေါင်းကြီးငုံ့နေမိလျက်။

" ကိုယ့်ကိုရှောင်မနေပါနဲ့။ "

"...."

ရီရှင်းရင်ထဲထိတ်ခနဲဖြစ်ကာပင် ဂျွန်​​မြောင့်ကို မော့ကြည့်သည်။တစ်ဖက်သားကို သိပ်ပြီးနားလည်ပေးနိုင်သည့် ဂျွန်မြောင်က အေးအေးချမ်းချမ်းပင်ပြုံးပြဆဲ။

" ကိုယ့်မှာ ရီရှင်းလိုချင်တဲ့အဖြေမရှိပေမဲ့ ကိုယ့်ကိုရှောင်မနေပါနဲ့။ ကိုယ်ကနားလည်တာမို့ အနေခက်စရာလည်းမလိုဘူး။ ပြောရရင်  တော်တော်လေး အံ့ဩသွားမိပေမဲ့... ကိုယ်တို့စိမ်းသွားမှာတော့ မလိုချင်တာအမှန်ပဲ "

"ဂျွန်ကော..."

"အဲဒါကြောင့်  ရှောင်မနေပါနဲ့။  သွားတော့လေ နောက်ကျနေတာမလား။ "

To The One: Do You Know That I Love You?Where stories live. Discover now