(၅) [Z+U]

90 14 3
                                    

To The One : Do You Know That I Love You
အပိုင်း (၅)

ရီရှင်း ဂျွန်ကောနှင့်မျက်နှာချင်းဆိုင်မဆုံရသည်မှာ တစ်ပတ်ရှိပြီဖြစ်သည်။ ​အသည်းတွေကွဲရပြီး တစ်ယောက်တည်းပြိုလဲနေရသဖြင့် ရီရှင်း ဘာလုပ်လုပ်စိတ်မကြည်လင်။ ဘာကိုမှစိတ်ဝင်စားခြင်းမရှိဘဲ လွင့်ချင်ရာလွင့်နေသည့်လေလိုသူ့စိတ်ကို ရီရှင်းထိန်းချုပ်နိုင်စွမ်းမရှိ။

ဂျွန်ကောကိုမြင်ရတွေ့ရလျှင် စိတ်အလိုလိုက်မိမည်စိုး၍ ကော်ဖီဆိုင်ကိုတောင် ရီရှင်းမသွားပေ။ ကျောင်း၊
အိမ်နှင့်အလုပ်သာကူးနေသည့်သူ့ကို ဆယ်ဟွန်းကလည်းအရိပ်တကြည့်ကြည့်။

ဂျွန်ကောကတော့ သူ့ကိုတကူးတကဆက်သွယ်လေ့မရှိဘဲ ညစာအတွက်ကိုကား တံခါးရှေ့မှာ လာထားပေးတတ်၏။ ဂျွန်ကောနှင့်မဆုံရအောင် တိုက်ခန်းမှတမင်စောထွက်ပြီး နောက်ကျမှပြန်လာသည့်သူဟာ အရင်ကသူနှင့်လုံးဝကွဲပြားသွားသည်။ အရင်ကဆိုလျှင် ဂျွန်ကောနှင့်တွေ့ချင်လွန်း၍ ဂျွန်ကောရှိရာဆီချောင်းပေါက်မတတ်သွားတတ်ပြီး နှစ်ယောက်သားမဆုံ,ဆုံအောင်လည်း သူ့ဘက်ကဖန်တီးခဲ့သည်။ ယခုအခါ  ဂျွန်ကောမျက်နှာကိုမြင်ရလျှင် ဂျွန်ကောကသူ့အတွက်မဖြစ်နိုင်မှန်း တိတိကျကျသိရှိလက်ခံရ၍ ရီရှင်း နှလုံးသားတွေနာကျင်၏။ ဂျွန်ကောဆီမှာ သူ့အတွက် သူလိုချင်သည့်အချစ်မေတ္တာများရှိမနေမှန်းအသိဝင်လာရ၍ စိတ်လည်းနာကျင်ရ၏။

ထိုသို့ဖြင့်  အမှန်တရားကိုလက်မခံချင်စိတ်နှင့် ရီရှင်း ရှောင်ပြေးနေခဲ့ပါသည်။ နာကျင်စိတ်နှင့်ကြောက်စိတ်ဟာ ရှောင်ပြေးသင့်သည့်အရာများဟုသာခံယူခဲ့၏။

သို့သော် ချစ်ရသူကိုမတွေ့ရသည်မှာ တစ်ပတ်ကျော်လို့နှစ်ပတ်ထဲရောက်လာသည့်အခါ ရီရှင်းရဲ့နာကျင်မှုတွေက  အလွမ်းသို့ပြောင်းလာသည်။ နေ့စဉ်နေ့တိုင်းမြင်နေရသည့်မျက်နှာလေးအား မမြင်ရသည်မှာကြာလာသည့်အခါ  ရီရှင်း တမ်းတမ်းတတတွေ့ချင်လာ၏။ ချစ်ရသူမျက်နှာလေးအားမြင်ချင်လွန်း၍ ရင်ထဲဆို့နင့်ပြီး ငိုချင်လာသည်အထိ ရီရှင်းခံစားလာရသည်။

သည်းခံ၍မရ။ ချုပ်တည်း၍မရ။ အရာအားလုံးကို သတိရတမ်းတစိတ်ကလွှမ်းသွားသည့်အခါ အတန်းများပြီးချိန်တွင် ရီရှင်း ဂျွန်ကော၏ကော်ဖီဆိုင်လေးသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားမိသည်။ ကော်ဖီဆိုင်အနီးတွင်ကားရပ်၍ ဆိုင်အတွင်းရှိကောင်တာတွင်ရှိနေသော ဂျွန်ကောကို လှမ်းငေးရ၏။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Jul 07 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

To The One: Do You Know That I Love You?Où les histoires vivent. Découvrez maintenant