C-2 Unicode

98 17 0
                                    

Unicode...

ကောင်းကင်ကအပြစ်ပေးခံရတဲ့လူတွေဆိုတာ တကယ်ပဲ လူ့ပြည်မှာ ရှိတာလား?။

ဘာဒါက ရိပေါ် အသက်ခြောက်နှစ်မှာ ပြောဖူးတယ်။
'ရိပေါ် ! ကလေးက ဘယ်သူနဲ့မှ မတူတာကြောင့် ကိုယ့်ကိုကိုယ် တန်ဖိုးထားရမယ်နော်။ ဘယ်လိုစကားမျိုးကြောင့်နဲ့ မှ ကိုယ့်ကိုကိုယ် အပြစ်သားတစ်ယောက်လို မတွေးပါနဲ့ '

အဲ့ဒီအဓိပ္ပာယ်ကို ရိပေါ် အခုနားလည်လာပြီလို့ထင်မိတယ်။ သူဟာ လူမှန်းစသိတတ်တဲ့ အရွယ်ကတည်းက လူသတ်ခဲ့တာ ၊အခုရွယ်ရောက်တဲ့ထိဘယ်နှစ်ယောက်ရှိပြီမှန်းတောင် ရေတွက်မရတော့ပေ။ သူ ထို့သို့မျိုး လူသတ်ဖို့ စိတ်ဝင်လာခဲ့ရင် သူ့ခန္ဓာကိုယ်သည် လေးလံလာပြီး လူသားရိပေါ်ကို ပျောက်စေ‌သည်။ မကောင်းတဲ့အ‌ငွေ့အသက်တွေဆိုသည်မှာလည်း သူ့အနားတွင် အမြဲမြဲလိုလို ရနေတတ်သည်။

ထို့ကြောင့် ချီစတာတို့က ဗန်ကို ပြောင်းလာပြီးကတည်းက ပန်းစိုက်ပျိုးခြင်းလုပ်ငန်းကို ဦးတည်ခဲ့တာဖြစ်သည်။ပန်းများရနံ့ရလျှင် ထို အနံ့များကို ပျောက်စေလိုငြားဆိုသော စိတ်ကလေးနဲ့ဖြစ်သည်။ ဒါပေ့မယ့်လည်း ငါးဆယ်တွင် နှစ်ဆယ်လောက်ကသာ ထို အနံ့အသက်ကို ဖုံးလွှမ်းနိုင်သည်။

သို့ပေ့မယ့် တစ်ယောက်သော သူကတော့မတူပေ။ သူ အနားရောက်လာသည်နှင့် ခန္ဓာကိုယ်တွင် စိတ်ပျော်‌ေစသော အငွေ့အသက်တွေ ဖုံးလွှမ်းကာ လေးလံသောခံစားချက်ကို ပျောက်စေသည်။ အမြဲ ထိုလူ့ကို အနားမှာ ထားချင်ပေ့မယ့် ဘာဒါရဲ့ ' ရိပေါ်လေးရဲ့ စိတ်ကိုပျော်စေပေ့မယ့် အဲ့တာက ရှောင်းကျန့်အတွက် အန္တာရာယ်တစ်ခုလိုပဲ' ဆိုသော စကားကြောင့် ရှောင်နေခဲ့တာများသည်။

စိတ်ထဲတွင် အရမ်းကို ပေါ့ပါးကာ ဒီအချိန်လေးကို အတိုင်းအတာတစ်ခုထိ ဆွဲထားချင်မိသည်။ ရှောင်းကျန့်ကပြဇာတ်ကို စိတ်ပါဝင်စားစွာ ကြည့်နေသည်။ ပြဇာတ်သည် အရမ်းနာမည်ကြီးတာကြောင့် ရုံသေးသေးလေးထဲတွင် လူမလောက်တော့၍ နှစ်ရက်ပြဖို့ ရွေးထုတ်လိုက်ရသည်။ ရိပေါ် နဲ့ ရှောင်းကျန့်က အဝေးကလာရသည်ဖြစ်၍ ယနေ့တွင် ကြည့်လို့ရသွားသူဖြစ်သည်။

Until Then..Where stories live. Discover now