Extra

460 45 0
                                    

"ဂျွန် မင်းပြောတော့ Lip piercing တွေမတပ်ပါဘူးဆို"

အခုကျတော့ဟိုနား‌ဖောက်ဒီနားဖောက်နဲ့ထပ်ပြီးတက်တူးတွေပါဖြည့်လာပြီငါ့ကိုဘာအချိုးချိုးတာလဲ"

တစ်မိုးအောက် ဂျွန်ဂျောင်ကုသည် အကုန်လုံးကိုနိုင်စားလာသမျှ ဒီအသေးလေးကိုဆို နမည်ကြားတာနဲ့တင်ကြောက်ရပါသည်...။

"ဟို ..ဟို.. မင်ကလဲကွာ ကိုယ်က မဖောက်ချင်ပါဘူး..ဒါပေမဲ့ ဟိုကောင်တွေအုပ်စုကမြှာက်ပေးလို့ပါကွာ"

"ကိုယ်ပြောတယ် ကိုယ်Lip piercing ပါထပ်ဖောက်ရင် ကို့ယောက်ျား စိတ်ဆိုးမယ်ပြောတာကို တားမရဘူးလေ"

အင်း သူတို့နှစ်ဦး ချစ်သူတက်တမ်း တစ်နှစ်အကြာမှာ လက်ထပ်ခဲ့ကြတယ် ၊သူများတွေအတွက် တစ်နှစ်ဆိုတဲ့ အချိန်ကာလက လက်ထပ်ဖို့စောသေးတယ်ထင်ရပေမဲ့ ကျွန်တော်တို့အတွက်ကတော့ မစောတော့ပေ...။

မင့်ရဲ့ ဆန္ဒအရကိုယ်တို့ လက်ထပ်ပွဲကိုအကြီးအကျယ်မလုပ်ခဲ့...။ ဒီအတိုင်း လက်ထပ်မှတ်ပုံတင်လေးလုပ်ပြီးခင်တဲ့သူအနည်းအကျဉ်းကိုသာ ဖိတ်ပြီး ပါတီအသေးစားလေးပဲစီစဉ်ခဲ့သည်...။

"သူတို့မြှောက်ပေးတိုင်း လုပ်ရအောင် မင်းကအရူးလား ဟမ်!"

" ဂျွန်ဂျောင်ကု ၊ဂျွန်ဂျောင်ကု "

"အသက်တွေလည်းကြီးလာပြီ၊ မင်းကတကယ်မရင့်ကျက်သေးတာပဲ"

"ကျစ်.. မင်းကိုမင်းကြည့်အုံး တက်တူးတွေပါ ထပ်ဖြည့်လာတယ် တကယ်ပဲ ရူးချင်လိုက်တာ..."

"မင်ကလည်းကွာ တက်တူးက ကိုကြိုက်တာသိရဲ့သားနဲ့ မိုက်ပါတယ်ကွ"

"ချီးကိုမိုက်..."

"မင်း ပဲမိုက်တာကွ ငါ့မှာမင်းနဲ့အပြင်သွားရင် တွေ့သမျှသူတိုင်းက ....

"ညီအစ်ကိုတွေလား"

"မင်းအစ်ကိုက တော်တော်မိုက်တယ်နော် ငါတို့ကိုမိတ်ဆက်ပေးပါလားနဲ့"

ဂျွန်တစ်ယောက် မင့် အပြောကို သဘောကျစွာ "ဟက်" ခနဲ့ရီပြီး

"ဟုတ်လားဒါဆို ကို တော်တော်မိုက်နေလို့များလား..?"

ʜ .ʏ . ᴜ . ɴ . ɢ...♡︎Where stories live. Discover now