ဂျီမင်သည်စိတ်မကြည်သော်လည်း အချစ်ဆုံးသူငယ်ချင်းလေးရဲ့ဖြောင်းဖြပြီးစနှောက်လာပေးမှုကြောင့်သူရဲ့စိတ်အနည်ငယ်သက်သာလာရပါတယ်။
ဒါပေမဲ့ထိုသူငယ်ချင်းလေးအား မကြာခင်သူနိုင်ငံခြားသို့ထွက်ခွာသွားရမည့်အကြောင်းကိုတော့သူမပြောဖြစ်သေးပါ။ မပြောရက်တာဆိုရင်ပိုမှန်လိမ့်မယ်။ပိုတယ်ဘဲဆိုဆို ထယ်ယောင်းနဲ့ကသူလေးနှစ်သားအရွယ်ထဲကစခင်ခဲ့တာမို့ တစ်ဦးတည်းသောသားလည်းဖြစ်ပြီး သူကအငယ်အရမ်းလိုချင်တဲ့ကလေးဖြစ်တာကြောင့်သူနဲ့အသက်လပိုင်းသာကွာသောထယ်ယောင်းကိုသူ့ညီလေးတစ်ယောက်လိုချစ်ပြီးစောင့်ရှောင့်ပေးခဲ့တာမို့သူနဲ့တစ်စက္ကန့်လေးတောင်မခွဲနိုင်ပါ။
ဒါပေမဲ့သူဂျောင်ကုနဲ့ဂျီအွန်းတို့လက်တွဲပြီးသွားတာမျိုးတွေ နီးနီးကပ်ကပ်ရှိနေတာမျိုးတွေကိုမြင်ရလျှင်သူရင်အရမ်းနာရပါတယ်။
ဒါ့ကြောင့်သူဂျောင်ဂုနဲ့ဝေးရာကိုထွက်သွားဖို့ပြင်ဆင်နေခြင်းပေ။
ဂျီမင်တစ်ယောက်အတွေးနယ်ချဲ့တာဘယ်လောက်တောင်ကြာသွားသည်မသိ ကျောင်းဆင်းခေါင်းလောင်းထိုးနေတာတောင်သူ့မှာမကြားနိုင်၊ထယ်ယောင်းကလက်မောင်းကိုလာဆွဲကာသူ့ကိုဖက်၍ခေါ်သွားသည့်အခါမှသူစိတ်နဲ့ကိုယ်နဲ့ပြန်ကပ်လေသည်။
"ထယ်ယောင်းငါတို့ဘယ်သွားကြမလဲ ဒီနေ့စာမလုပ်ပဲအပြတ်ကဲကြရအောင်"မျက်လုံးလေးတစ်ဖက်မှိတ်ကဂျီမင်ကပြောတော့"အွန်း....တော့ပိုကီသွားစားကြမယ်ပြီးရင်ရုပ်ရှင်သွားကြည့်ရအောင် Avengers movie အသစ်တင်တယ်လေ အိုခေလား"မေးလေးပွတ်ကာထယ်မှပြန်ဖြေသည်။
"Cool ငါကောင်ကြီးလစ်ကြစို့"
သူငယ်ချင်းနှစ်ယောက်ရဲ့ဦးတည်ရာကတော့ရုပ်ရှင်ရုံဆီသို့......
______________________형___________________တစ်ဖက်က ဂျွန်ဂျောင်ကုမှာတော့ ပြောစကားများကိုနံရံအကွယ်တွင်ခိုးနားထောင်ရင်းသူအကြံတစ်ခုကိုစဉ်းစားပြီးလူယုတ်မာအပြုံးဟုမဆိုနိုင်သောအပြုံးအားတွေးနေလေသည်။
တကယ်တမ်းသူ့အကြံက တော့ပိုကီဆိုင်သို့လိုက်သွားပြီးဂျီမင်ကိုပြန်ခေါ်လာမည်ဟူ၍သာ.....
YOU ARE READING
ʜ .ʏ . ᴜ . ɴ . ɢ...♡︎
Fiksi Penggemarအချစ်ကိုကျား/မ ခွဲခြားစရာမလိုဘူး ကူးငယ် *ပတ်ဂျီမင်* ယောက်ျားလေးတွေကိုစိတ်မဝင်စားဘူးလို့ဆုံးဖြတ်ပြီးမှ ဟျောင်းကိုချစ်မိသွားတဲ့အခါ ကျွန်တော်ဘယ်လိုလုပ်ရမလဲဟျောင်း *ဂျောင်ကုကီ* မင်ကသာငါ့အချစ်တွေကိုမမြင်တာပါအခြားသူတွေကတော့ငါ့အချစ်တွေကိုမြင်လို့ငတုံးငအလို...