Unicode
နန်းတော်တဝိုက်ရဲ့ မြေပြင်မှာ မိုးရဲ့ ရွာသွန်းမှုကြောင့် စိုစွတ်စွတ် ဖစ်နေတယ်။သို့သော်လည်း
အနက်ရောင်ဘွတ်ဖိနပ်စီးထားတဲ့သူတေကတော့ တက်တက်ကြွကြွ လမ်းလျှောက်နေစဲပဲ.....ဝေါယာဉ် ရဲ့ ဘေးဖက် လိုက်ကာစလေးကို လှပတဲ့လက်သွယ်သွယ်လေးက နည်းနည်းလေး မတင်လိုက်တယ်။
He Zhengရဲ့စိတ်အခြေအနေက တော်တော်လေးကိုမကောင်းတဲ့ဘက်ရောက်နေပြီ။ သူဝတ္ထုတခုကို ဖတ်ရင်း အိပ်ဖို့နောက်ကျသွားတာ...ဘာလို့လဲဆိုတော့ အဲ့ဝတ္ထုရဲ့ အမြှောက်စာဇာတ်ကောင်လေးက သူ့နာမည်နဲ့တူတူပဲလေ...သူက ဖတ်နေရင်းနဲ့ တဖြည်းဖြည်းအသက်ရှူကြပ်လာပြီး ဖုန်းလေးကတောင်ပြုတ်ကျသွားခဲ့သေးတယ်။ သူ့ကိုသူ မလဲကျစေဖိူ့ စားပွဲကိုလက်ထောက်လိုက်တာတောင်မှ လူကလဲကျသွားသေးတယ်။ထို့နောက်မျက်လုံးက အမြင်အာရုံမှာ မှောင်မဲသွားတော့တယ်။ထိုအချိန်သူတွေးလိုက်တာက
'ငါ အိပ်ဖို့နည်းနည်းလေးနောက်ကျရုံပဲလေ...ဘာလို့ သေမလိုအနေအထားကြီးတောင်ဖစ်သွားရတာလဲ?'ဒါပေမဲ့သူနိုးလာတော့အခြေအနေကြီးကထူးဆန်းလွန်းနေတယ်။
'အခု ဒီမှာဘာတေဖစ်နေကြတာလဲ?'
အခုက သူက ဝေါယာဉ် ထဲမှာထိုင်နေပြီးအပြင်ကလူတေက သူ့ကိုတနေရာရာသယ်သွားမယ်ထင်တယ်။'ငါ့ရဲ့ သူငယ်ချင်းတယောက်ယောက် 120ကို ဖုန်းဆက်ပေးကြပါအုံး'
(T/N: 120က တရုတ်နိုင်ငံရဲ့ အရေးပေါ် hotline)
He Zhengက အမြဲ သူငယ်ချင်းတေနဲ့ ဂိမ်းဆော့နေတတ်သူတယောက်လေ...သူအပြင်ကိုတခါတလေတောင်ထွက်လည်လေ့မရှိဖူး..တကယ်ဆိုသူရောက်နေတဲ့နေရာက ဝေါယာဉ်အစား ဆေးရုံကားကြီးဖစ်သင့်တာလေ...နောက်ပြီး ဆေးရုံကားရဲ့ အသံကို ကြားရမဲ့အစား လူတေရဲ့ လမ်းလျှောက်သံကို ကြားနေရတာလဲ?ပြီးတော့ ဆေးနံ့နည်းနည်းလေးတောင် မရပဲ မြေသင်းနံ့လေးတောင်ရနေသေးတယ်။
သူအဲ့လိုတွေးနေရင်းနဲ့ သူ့မျက်လူံးတေကို ဖြည်းဖြည်းချင်းဖွင့်ကြိလိုက်တယ်။
'ငါ့ခန္ဓာကိုယ်ကအရမ်းအားနည်းနေတာပဲ...ငါပါးစပ်ဖွင့်ဖို့တောင်အားမရှိတော့ဖူး။'
ဒါပေမဲ့ သူ့(He Zheng)လက်ကိုတောင်နည်းနည်းလှုပ်နိုင်သေးတယ်။ အဲ့ဒါကြောင့်သူ(He Zheng) လိုက်ကာစလေးကို နည်းနည်း လေး မတင် ပြီး အပြင်ကအခြေအနေကို စူးစမ်းမိတယ်။
VOCÊ ESTÁ LENDO
အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာ႐ွင္ဧကရာဇ္၏ဧကရီမိဖုရား(MMTranslation)
Ficção HistóricaD novelလေးကို သဘောကျလို့ tranလိုက်တာပါ..ကိုယ်က fan tranသဘောမျိုးပါပဲ..ဒါပေမဲ့ မူရင်း authorဆီကကော etranslatorဆီကပါ ခွင့်ပြုချက်မယူထားပါဖူး။နောက်ပီး ကိုယ်က eng skillအရမ်းကျွမ်းနေတာမဟုတ်လိူ့ ဘာသာပြန်ရာမှာ အမှားအယွင်း ရှိနိုင်ပါတယ်။အဲ့ဒါကြောင့် ကြိုတင်...