part16☘️💖(uni& zawgyi)

983 56 3
                                    

မနက်ခင်းနေရောင်ခြည်ထွက်စပြုရင်း နံနက်ခင်းဟာလည်း သာယာနေခဲ့တယ်
အိပ်ရာထဲက လူသားနှစ်ယောက်ကတော့ ပွေ့ဖက်ထားကြရင်း အိပ်စက်နေကြတယ်
အပူအပင်း ကင်းမဲ့တဲ့ အရိပ်နှင့်အတူရယ်

ထိုအချိန် jkတစ်ယောက်နိုးထလာခဲ့တယ်
ရင်ခွင်ထဲတွင် အိပ်စက်နေသော hyung ဖြစ်သူမှာတော့ အပြစ်ကင်းတဲ့ကလေးတစ်ယောက်ပမာ
မောင်လေ hyung ဖြစ်နိုင်ခဲ့ရင် မောင်hyung နဲ့အတူဟိုးအဝေးကြီးကို ထွက်သွားချင်မိတယ်
ဘာအကာရံဘာပကာသန ဘာအယူအဆမရှိတဲ့ နေရာတစ်ခုကိုပေါ့ မောင်က အရူးတစ်ယောက်ပဲ သိလား hyung
စားလည်း hyung ကိုပဲမြင်တယ်
အိပ်လည်း hyung ကိုပဲမြင်တယ်
မောင့်ရဲ့အရာရာမှာ hyung ပဲဖြစ်စေချင်မိတယ်
မနေ့ညကမွေးနေ့မှာ မောင့်လုပ်ရပ်ကြောင့် မောင် hyung လေး ဘယ်လောက်တုန်လှုပ်ကြောက်ရွံနေမိမလဲဆိုတာကို မောင် ဆင်ခြင်တုံးတရားမရှိခဲ့ဘူး မောင်သိခဲ့တာက hyung က မောင့်အပိုင်ဆိုတာ သိစေချင်တာပဲမောင်သိခဲ့တယ်
မောင့်ကို ခွင့်လွှတ်နေမယ်မလား
မောင့် hyung လေးရယ်

Jiminနဖူးကို အနမ်းတစ်ပွင့်ခြွေပြီး

"အွန်း~~~~~"
ရင်ခွင်ထဲက မောင့်အချစ်လေး နိုးနေခဲ့ပြီးလေ

မျက်လုံးကလေး ဖွဖွလေးဖွင့်ရင်း ညကငိုထားတဲ့အရှိန်စိတ်ပင်းပန်းမှုဒဏ်ကြောင့် အရမ်းပင်ပန်းနေတယ်ဆိုတာ သိသာစေတယ်

မောင့်အချစ်က အရမ်းကို ပင်ပန်းနေတာပဲ

နိုးလာပေမယ့် မျက်လုံးနှစ်ဖက်အားဖွင့်ပြီး အတွေးပေါင်းစုံထဲရောက်နေခဲ့တာဖြစ်မယ့် ခဏတာ ရင်ခွင်ထဲမှာ ငြိမ်နေသော hyungဖြစ်သူ

"မောင်~~~~~"

ရုတ်တရက် ကျွန်တော့်ကို ခေါ်နေတယ်

"မောင် hyung တို့ အခု လုပ်နေတာရော မှန်တယ်ထင်လား"

မမေးဖူးသောစကားကို မေးလာသော hyung

"မောင်တို့ မှန်တယ် hyung"

"မောင်  ~~~~~hyung တကယ်ကြောက်တယ်"

"ဒီနေ့ hyung ကုမ်ပဏီမသွားရဘူး ပြီးတော့ hyung မောင့်ကို ယုံပေးပါနော် မောင်ရှိနေတယ်လေ ဘာမှမကြောက်ရဘူး "

Just For You Want☘️(The Completed)Where stories live. Discover now