Chapter(401) - လနှစ်စင်း မြို့တော်(1)

2K 438 12
                                    

Unicode

အခန်း(၄၀၁) - လနှစ်စင်း မြို့တော်(1)

ဘယ်လိုပဲ ဖြစ်နေပါစေ အထဲရောက်နေပြီ ဖြစ်တာကြောင့် ဆက်လျှောက်ရတော့မှာပင်။

ဒါ့အပြင် နွယ်ပင်နတ်ဆိုးများရဲ့ ပေါ်လာမှုက ဒီနေရာမှာ အရမ်းအန္တာရယ် ကြီးတယ် ဆိုတာအား သူတို့ကို နောက်တစ်ဖန် သတိပေးလိုက်ပြီး သေချာ ဂရုစိုက်ဖို့ လိုအပ်နေလေပြီ။

ကံကောင်းထောက်မစွာပင် ဤတောအုပ်တွင် လျှောက်လို့ရသည့် လမ်းကျယ်တစ်ခုသာရှိသဖြင့် သူတို့အုပ်စုသည် အခြားမည်သည့်အတွေးမှတွေးစရာ မလိုတော့ပဲ သစ်ရွက်ခြောက်များဖြင့်ခင်းထားသည့် လမ်းအတိုင်း တည့်တည့်လျှောက်သွားကြသည်။

လင်ရွှမ်းဇီနှင့် တစ်ခြားသူများအားလုံး နွယ်ပင်နတ်ဆိုးများရဲ့ တိုက်ခိုက်မှုလှိုင်းအား အချိန်ကြာမြင့်စွာ မခံစားလိုက်ရပေ။ ကံကောင်းစွာဖြင့် ထိုနတ်ဆိုးများရဲ့ ကျင့်ကြံဆင့်က မမြင်မားသောကြောင့်သာ။ သို့သော်လည်း သူတို့က ကိုင်တွယ်ဖို့တော့ အနည်းငယ် ခက်ခဲ၏။ သိပ်မကြာခင်မှာပဲ နွယ်ပင်နတ်ဆိုးများအားလုံးကို ဖယ်ထုတ်နိုင်လိုက်သည်။

အချိန်တစ်ချို့ကြာအောင် လျှောက်လာပြီးနောက်မှာ လူတိုင်း သူတို့ရဲ့ အမြင်အာရုံများ စက္ကန့်ပိုင်းလောက် ဝါးသွားကြသည်ကို ခံစားလိုက်ရသည်။ သူတို့ရဲ့ မျက်စံများ ပြန်လည် အာရုံစိုက်နိုင်သွားသည့် အချိန်မှာတော့ သူတို့ရှေ့က မြင်ကွင်းသည် မြို့ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။

မြို့နံ့ရံက အတော်လေး ယိမ်းယိုင်နေသည်။ တောက်ပသည့် နေရောင်ခြည်အောက်မှာ ယိုင်နဲ့နေသည့် နံရံက အထီးကျန်ပြီး တိတ်ဆိတ်နေသလို ခံစားရသည်မှာ ဒီမြို့က နှစ်ပေါင်းတစ်သောင်းလောက် မတ်မတ်ရပ်ကာ ကြံ့ကြံ့ခံနေခဲ့သလိုပင်။

မြို့ပတ်ပတ်လည်တွင် အုံ့ဆိုင်းနေသော မြူခိုးများ ဖုံးလွှမ်းနေပြီး ကြမ်းတမ်းသော အသွင်အပြင်ကိုသာ မြင်နိုင်သည်။ မြို့တံခါးများသည်လည်း တစ်ဝက်ပွင့်နေပြီး ဟောင်းနွမ်းခြောက်သွေ့နေသော အစိမ်းရောင်နွယ်ပင်များက တံခါးများပေါ်သို့ တွယ်တက်နေကာ ဂိတ်တံခါးများအား လုံးလုံးဖုံးအုပ်ထားသည်။

(Book-3)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now