part 64 (uni/zawgyi)

40.8K 1K 86
                                    

🛡️Dear Neighbour Girl🛡️
(ချစ်ရပါသော အိမ်နီးချင်းမိန်းကလေး)
~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(64)

VIPဆေးရုံခန်းထဲဝယ် Airconအသံရယ် ကိုကိုရဲ့ laptopနှိပ်နေတဲ့ အသံရယ်ပဲရှိကာ လင်းကတော့ကုတင်ပေါ်မှာ မှီလျက် ကိုကို အလုပ်လုပ်နေတာကို ကြည့်နေမိသည်...
ကိုကိုလည်း အခုရက်တွေ တော်တော်အလုပ်ရှုပ်နေပုံပါ....
ဆေးရုံမစောင့်ပေးနဲ့ဆိုလည်းကိုကိုက သူပဲစောင့်မယ်လုပ်သည်....
လူကြီးတွေက စောင့်ပေးမယ်ဆိုလည်းလက်မခံ.....
မမျိုးနဲ့ကြယ်စင်ကို ညအိပ်ညနေစောင့်ခိုင်း ကိုကိုနားပါဆိုလည်း မရ....
သူငယ်ချင်းတွေလာရင်လည်းအကြာကြီးမနေခိုင်းမောင်းထုတ် ငါ့မိန်းမ နားရမယ်ဆိုတာက ပါးစပ်ကမချ....
နှစ်ရက်လေးနဲ့တင် ကိိုကိုဟာ အတော်မျက်နှာချောင်သွားလေသည်...

"ကိုကို"

"ပြောလေ သဲငယ်လေး ဗိုက်ဆာလို့လား ဘာစားချင်လည်း ကိုကိုဘာလုပ်ပေးရမလဲ"

"ဘာမှ လုပ်ပေးစရာမလိုဘူး အလုပ်မပြီးသေးဘူးလား"

"အင်း ပြီးတော့မှာပါ သဲငယ်ရဲ့"

'"ပြီးရင်စောစောလာအိပ်လှည့် လာတော့"

သဲငယ်က သူဘေးမှာ လာအိပ်ဖို့ နေရာလုပ်ပေးနေလေသည်.....

သူလည်းကိစ္စတွေလက်စသတ်ကာ ရေချိုးအဝတ်စားလဲပြီး သဲငယ်ဘေးနားကပ်အိပ်လိုက်တော့သည်....

"ကိုကို ပင်ပန်းနေပြီလားဟင်"

"လုံးဝမပင်ပန်းပါဘူးသဲငယ်ရယ် "

"လိမ်တာ မျက်နှာလေး ချောင်ကျနေတဲ့ဟာကို"

"အဲ့ဒါက သဲငယ်ကိုစိတ်ပူလို့ပါ "

"လင်း နေကောင်းနေပါပြီကိုကိုရယ် မနက်ဖြန်ပဲဆေးရုံဆင်းလို့ရနေပြီကို ဘာလို့အဲ့လောက်စိတ်ပူနေတာလဲ"

"အခုလောက်ထိဖြစ်ထားတာကို ကိုကိုက စိတ်မပူဘဲနေရမလားသဲငယ်ရယ် "

ကိုကိုစိတ်ပူနေတာတွေလျော့သွားဖို့ လင်းမှာ စကားလမ်းကြောင်းဘယ်ကိုလွှဲရမလဲတွေးလိုက်တော့.....

"ကိုကို ဟိုးတစ်နေ့ညကလေ ဝန်ခံစရာရှိတယ်ဆိုပြောလည်းမပြောပြဘူး "

🛡️Dear Neighbour Girl(ချစ်ရပါသော အိမ်နီးချင်းမိန်းကလေး)🛡️Where stories live. Discover now