part 28 (uni/zawgyi)

45.1K 1K 72
                                    

Dear Neighbour Girl
(ချစ်ရပါသော အိမ်နီးချင်းမိန်းကလေး)
~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(28)

Hotelရောက်တဲ့ထိ သဲငယ်လေးက သူချီလာလျက်သားအထိ အိပ်ပျော်နေလေသည်......

"လင်းခေတ်မင်း"

"ဗျာ"

အခန်းထဲ၀င်၀င်ချင်းရှိသေး သူမလေးကနိုးလာကာ ခေါ်တဲ့အသံကြီးကြောင့် သူ့မှာ ကျောတောင်ချမ်းသွားရသည်....

"အားး သဲငယ်လေး"

"မဆွဲနဲ့လေ"

ကျောနောက်ကနေပြီး သူ့ဆံပင်တွေကို ဆွဲနေတဲ့သဲငယ်ကြောင့်ခေါင်းတွေကျိမ်းလာရတော့သည်....

"လူဆိုးကောင် လင်းခေတ်မင်း
ငပွေငရှုပ်လင်းခေတ်မင်း "

နောက်ဆုံးသူမလေးကို နီးစပ်ရာဆိုဖာပေါ်တင်ပေးလိုက်ရတော့သည်....

"ငရှုပ်ကောင် လင်းခေတ်မင်း"

မျက်လုံးကသာမဖွင့်နိုင်တာ ပါးစပ်ကတော့ သူ့ကိုရေရေလည်လည်ပေါက်ပေါက်ဖောက်နေလေသည်...
မူးနေရင် သွေးဆိုးတာဘဲ သဲငယ်လေးက နောက်ဆို မသောက်မိအောင်သူထိန်းရတော့မယ်.....

အရက်ရှိန်ကြောင့်ပါးနှစ်ဖက်လေးကရဲတက်နေကာ နှုတ်ခမ်းကြီးကအခုထိအလိုမကျသလို ဆူထားဆဲ ပုံစံလေးကတစ်မျိုးလေးချစ်ဖို့ကောင်းနေလေသည်....
သူ့မှာလည်း သဲငယ်လေးဘာကြီးလုပ်လုပ်ချစ်နေမိတာကလည်း အလုပ်တစ်ခုဖြစ်သည်....
ဒါကိုတောင် ဒီရည်းစားလေးက သူ ချစ်တာကိုမယုံဘူးလေးဘာလေးပြောတော့ စိတ်မကောင်းဖြစ်မိသည်....

သဲငယ်ကဆိုဖာပေါ်မှာဖြစ်ကာသူက အောက်က ကတ္တီပါအခင်းမှာပဲ တင်ပလေခွေထိုင်ချပြီး သူမလေးမျက်နှာကိုငေးကောင်းကောင်းနဲ့ငေးနေတုန်း သဲငယ်က ဖက်ကနဲ မျက်လုံးတွေကပွင့်လာလေသည်....

"ကိုကို လူရှုပ်"

"ဗျာ"

"ပြောတော့ တစ်လပဲတွဲတာတဲ့ ရှိသမျှ exနာမည်တွေကျ မှတ်မိတယ်နော်"

မျက်လုံးပွင့်လာပြီးလည်း သူ့ကိုဆက်ရစ်လေတော့သည်....

"အေးပါကွာ ကိုကို့အမှား နောက်ဆို နာမည်တွေပါမေ့ပစ်မယ်"

🛡️Dear Neighbour Girl(ချစ်ရပါသော အိမ်နီးချင်းမိန်းကလေး)🛡️Donde viven las historias. Descúbrelo ahora