' ၀ '

774 37 0
                                    

Uni

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Uni

မိဘမဲ့ တစ်ယောက်အဖြစ် ရှင်သန်လာရသည့် ကလေးငယ် တစ်ဦး၏ စိတ်ကူးယဉ်မှုသည် မည်မျှကြီးကျယ်ခမ်းနားလိမ့်မည်နည်း ။

အိမ်ဟူ၍ သီးသန့်မရှိ .. အဖေ ၊ အမေ ညီအစ်ကို မောင်နှမ ဟူ၍ မရှိခဲ့ခြင်းကြောင့်
ထိုကလေးငယ် ၏ စိတ်ထဲတွင်
တစုံတခု ကို လုံလုံလောက်လောက်
ခံစားရမည်မဟုတ်ပါ ။

ဂျောင်ဂု ဟု အမည်ရသော ၁၄ နှစ်အရွယ် ကောင်ငယ်လေး တစ်ယောက်သည် မိဘမဲ့ တစ်ယောက်အဖြစ် ဂေဟာ၏ စောင့်ရှောက်မှုနှင့်အတူ နှစ်ပေါင်း ၁၄ နှစ်တိတိ ရှင်သန်ခဲ့၏။

မွေးကင်းစ အရွယ်ကတည်းက ဂေဟာကို ရောက်ရှိခဲ့ခြင်း ဖြစ်၍ သူ၏ အသိဉာဏ်သည် အဖေ အမေ ဟူ၍ မသိခဲ့ပါ ။ ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမ ဆိုတာ ဘာကိုဆိုလိုမှန်း သူမသိခဲ့ ။

ဂေဟာ မှာ သူနှင့်နည်းတူ ရှင်သန်နေကြသော ကလေးတွေကိုသာ သံယောဇဉ်ရှိ၍ တွယ်တာသည် ။ သို့သော်လည်း အသိဉာဏ်တွေ ဖွံ့ဖြိုးတိုးတက်လာသည့်အခါ အိမ်ဟူသည်ကို ဘယ်လိုအရာမှန်း သိချင်လာသည် ။ မိဘ ဆိုတာ ဘယ်လိုမှန်း မြင်ဖူးချင်လာသည် ။ ကလေး တစ်ယောက် ၏ အတွေးသည် မရခဲ့ဖူးသော အရာတွေကိုသာ စူးစမ်း‌ချင်နေ၍ ထိုအရာတွေကိုသာ
လိုချင်တပ်မက်လာပါတော့သည် ။

“ ဂျောင်ဂုကီး အိမ်ကလေးတစ်လုံးလောက် လိုချင်တယ် ”

ဂျောင်ဂု ၏ စကားအဆုံး လသားအရွယ်ကလေးငယ်တစ်ယောက်ကို ချော့မြူနေသည့် ဆရာမ က သူ့ဘက်ကို လှည့်ကြည့်လာခဲ့သည် ။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ ပြုံးရုံသာပြုံး၍ သူမလုပ်ရမည့် အလုပ်ကိုသာ ဆက်လုပ်နေလိုက်သည် ။

" ငယ်ငယ် "Where stories live. Discover now