' ၂ '

328 33 7
                                    

Uni

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

Uni

“ ဟိုးအမြင့်ကြီးက တိမ်စိုင်တွေမှာ
အိမ်ရှိသလား ကျွန်တော်သိချင်တယ် ..
သူတို့ ငိုရင် သူတို့ရဲ့အဖေနဲ့ အမေ က နှစ်သိမ့်ပေးတာလား ?
ဒါမှမဟုတ် သူတို့လည်း ကျွန်တော် နဲ့
ကိုကိုလိုပဲ
အိမ်မရှိတဲ့ လူတွေများလား ..? ”

_______________

“ ငယ်ငယ် ”

နေ့တိုင်းလိုလို အချိန်မှန် ထိုအပင်ကြီးအောက် သွားထိုင်နေတတ်သည့်
ဂျောင်ဂု နား ဂျီမင် ပါ ရှိနေခဲ့လေပြီ။ 

ဂျောင်ဂု နား အရိပ်လို လိုက်ကာ သူ့ကို
ထိုကလေး မှီခိုချင်လာအောင် ၊ ပိုပြီး ယုံကြည်နိုင်အောင် ဂျီမင် က
ကြိုးပမ်းနေသည့်သဘော ။

အချိန်တွေ ကုန်လို့ကုန်မှန်းမသိအောင် ထိုအပင်အောက်မှာပဲ ဂျောင်ဂု နှင့် သူစကားတွေပြောဖြစ်ကြသည် ။ သို့သော်လည်း ဂျောင်ဂုက သူ့ကို ဘယ်သူ အနိုင်ကျင့်သလဲ ဆိုတာ တစိုးတစိမျှ ထုတ်မပြောခဲ့ပေ ။

ရက်ပိုင်းလေးအတွင်း သူနဲ့ ဂျောင်ဂု ၏ ဆက်ဆံရေးဟာ ပိုပြီး တိုးတက်လာခဲ့သည်။

ဂေဟာ မှာ ရှိတဲ့ တခြားကလေးတွေနှင့်
သိပ်မရောတတ်သည့် ဂျောင်ဂု အနားမှာ
ဂျီမင် က အမြဲလိုလို ကပ်တွယ်နေခဲ့၏။

“ ငယ်ငယ် က ဒီကနေ ထွက်သွားချင်တာလား ? ”

“ ကျွန်တော့် မှာသာ အိမ်ရှိရင်
ထွက်သွားချင်တာပေါ့ ..
မမ ဟယ်အာ ကတော့ ကျွန်တော့်ကို
ဒီနေရာက လာခေါ်တဲ့သူရှိရင်
ကျွန်တော်လည်း
သူ့လို အိမ်ရှိလာမှာတဲ့ ”

" ငယ်ငယ် "Hikayelerin yaşadığı yer. Şimdi keşfedin