Unicode
T/N: ဒီနေရာမှာ တစ်ခုရှင်းပြချင်ပါတယ်။ အိုမီဂါ ၇ယောက်ဖြစ်တဲ့အတွက် တချို့က နာမည်တွေရောမှာကိုစိတ်ပူနေကြပါတယ်။ niniစဖတ်တုန်းကလည်းအဲ့လိုပါပဲ။ ဟာ ၇ယောက်ကြီးတောင် အကျိုးနည်းမှတ်ရဦးမယ်ပေါ့။ ဒါပေမဲ့မပူပါနဲ့ ထန်းဗိုလ်ချုပ်ကြီးက နာမည်ပေးအရမ်းတော်ပါတယ်။ ကဲစမယ်နော်။
မျိုးရိုးနာမည်က သူ့မျိုးရိုးနာမည် 汤(ထန်း) စွပ်ပြုတ်ပါ ၊
အလယ်မှာ ညီကို ခုနစ်ယောက်ကို 一,二,三,四,五,六,七 (ယီး,အာ့,စန်း,စစ်,ဝူ,လျို့,ချီး) ၁၊၂၊၃၊၄၊၅၊၆၊၇ လို့ တပ်လိုက်တယ်၊ တော်ချက် 👏🏻
နောက်ဆုံးနာမည်က သူ့အိုမီဂါ ယွမ်ချိုးရဲ့ 圆 (ယွမ်) စက်ဝိုင်းပါ ၊ အဲ့တော့....
汤一圆 (ထန်းယီးယွမ်) နံပါတ်တစ်
汤二圆 (ထန်းအာ့ယွမ်) နံပါတ်နှစ်
汤三圆 (ထန်းစန်းယွမ်) နံပါတ်သုံး
汤四圆 (ထန်းစစ်ယွမ်) နံပါတ်လေး
汤五圆 (ထန်းဝူယွမ်) နံပါတ်ငါး
汤六圆 (ထန်းလျို့ယွမ်) နံပါတ်ခြောက်
汤七圆 (ထန်းချီးယွမ်) နံပါတ်ခုနစ်အဲ့လိုလေးဖြစ်သွားတယ်ပေါ့နော် ဝတ္ထုထဲမှာတော့ သူတို့နာမည်နောက်မှာ ဒါက တစ်၊ ဒါက နှစ်နဲ့ remindမလုပ်ပေးတော့ပါဘူး ဖတ်ရတာ feelငုပ်မှာစိုးလို့ပါ။ ယီး၊အာ့၊စန်း၊စစ်၊ဝူ၊လျို့၊ချီးကိုပဲ အဓိပ္ပါယ်လေးနဲ့တွဲမှတ်ရင် မှတ်ရလွယ်ပါတယ် ယီးဆို တစ် ဪ ဒါ နံပါတ်တစ်သားကို ပြောတာ၊ စန်းဆို သုံး ဪ ဒါ နံပါတ်သုံးသားကို ပြောတာ အဲ့လိုလေးမှတ်ပေးကြပါနော် လွယ်ပါတယ် 😁
________________________________
ဒီကနေ့ကတော့ ထန်းအိမ်တော်၏ တစ်လတစ်ခါ မပျက်မကွက်တက်ရောက်ရသည့် မိသားစုလစဥ်တွေဆုံရက်ဖြစ်သည်။ အားလုံး အိမ်ထဲဝင်ဝင်ချင်း ဆိုဖာပေါ်မှာ မှုန်ကုပ်ကုပ်ရုပ်ဖြင့် စိတ်ပျက်လက်ပျက်ထိုင်နေသည့် ထန်းယီးယွမ်ကို တွေ့လိုက်ကြရပြီး ဘေးမှာလည်း Suitcase အနီတောက်တောက်လေးက အခန့်သားနေရာယူထားသည်။ ကြည့်ရတာတော့ တော်တော်လေးကို စိတ်အခြေအနေဆိုးနေပုံပင်။
အားလုံး တိုင်ပင်စရာမလိုလောက်အောင်ပဲ ပါးပါးနပ်နပ်လေးနေလိုက်ကြကာ ဘယ်သူကမှ ရှေ့ထွက်ပြီး ထန်းယီးယွမ်ကို သွားမနှောက်ယှက်နေတော့ပါ။