one

821 51 15
                                    

"Hyg တို့ကတော့ မိုက်ချက်ပဲ..
အမှုကြီးလို့ ပြောလို့ရတာတောင် အေးအေးဆေးဆေးလေးပဲ နိုင်သွားတယ်..

ဟိုဘက်က တင်ပြချက်တွေအားလုံးကို ချက်ကျလက်ကျနဲ့ ပယ်ချပစ်တော့ တရားခံရှေ့နေ မျက်နှာကြီး မဲလို့.."

ရဲ၀တ်စုံအပြည့်နဲ့ ဝူရှင်းရဲ့ ချီးမွမ်းစကားကြောင့် တစ်ဖက်က ရှေ့နေရဲ့ မျက်နှာပါ်မှာ ပေါ်လာတဲ့ ခပ်စစ အပြုံးတွေ..

"အချက်အလက်အပြည့်အစုံရှိနေရင် ဘယ်လောက်ပဲ ကြီးတဲ့ အမှုဖြစ်နေပါစေ မခက်ပါဘူး ဝူရှင်းရဲ့..
နောက်ပြီးတော့ မင်းက သက်သေလိုက်ပေးလို့လည်း ပါတာပေါ့.."

အထက်တန်းကတည်းက ညီအစ်ကိုလို ပေါင်းသင်းခဲ့ကြတဲ့ ဝူရှင်းနဲ့ ရှေ့နေဟာ တက္ကသိုလ်မှာ ကွဲသွားခဲ့ကြပေမယ့် ကိုယ့်လမ်းကို လျှောက်နိုင်နေကြသည့် အချိန်ထိ ခင်တွယ်နေကြဆဲ..

"ဒီအမှုပြီးသွားပြီဆိုတော့ နေရာကောင်းကောင်းမှာ အနားယူလိုက်အုံး .."

ဝူရှင်းစကားက ရှေ့နေကို ရယ်ကျဲကျဲဖြစ်စေသည်..

ဒီအတောအတွင်း အမှုအတွက်ပဲ အာရုံစိုက်ထားရလို့ ခရီးထွက်မယ့်အကြောင်းကို ခေါင်းထဲ ထည့်မတွေးမိသေး..

အမှုတစ်ခုပြီးရင် တစ်ခါခရီးထွက်တတ်သည်က ရှေ့နေရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခု..

အရင်က ကိုင်တွယ်ခဲ့ရတဲ့ အမှုတွေက မပြောသာပေမယ့် ဒီတစ်ခေါက်အမှုကတော့ တစ်ချက်လေး ချော်မသွားအောင် အားစိုက်ရသည်..

တခြားသူအမြင်မှာ ဒီအမှုလောက်ကတော့ ဒီရှေ့နေက minor လေးလို့ ထင်ကြစရာရှိပေမယ့် ကိုယ်အားစိုက်ထုတ်ခဲ့ရတာ ကိုယ်သာအသိ..

နှစ်လောင်းပြိုင်လူသတ်မှုဖြစ်လို့ အမှုကတော့ အနည်းငယ်ကြီးသည် ပြောလို့ရသည်..

ရုံးရှေ့မှာ ကင်မရာကြီးတွေ တကားကားနှင့် မေးခွန်းမေးဖို့ စောင့်နေကြသော သတင်းထောက်တွေက သက်သေ..

နစ်နာသူဘက်ကလည်း အစစအရာရာ ချို့တဲ့တာကြောင့် ကိုယ်ကချည်း ဦးဆောင်ပြီး လုပ်နေရတာ များသည်..

နစ်နာသူဘက်က အမှုလည်းရှုံး၊ လူလည်းဆုံးရတယ်လို့တော့ မဟုတ်သေး..

Comfort Zone Where stories live. Discover now