three

225 30 5
                                    

အခန်းအပြင်ထွက်လာတော့ ခုံပေါ်မှာထိုင်ရင်း စားပွဲပေါ်က ဆေးတွေကို အမျိုးအစားခွဲနေတဲ့ ဂျီမင်ကို တွေ့သည်..

"နေ့လည်စာ စားပြီးပြီလား ဂျီမင်?.."

"နေ့လည်စာကို အသာထားအုံး.. မနက်စာတောင် လုံးဝစားရသေးတာမဟုတ်ဘူး.."

ဂျီမင်ရဲ့ ဘောက်ဆက်ဆက်အဖြေလေးကြောင့် ဒေါက်တာကင်မ်တစ်ယောက် မျက်ခုံးတွေကျုံ့မိသည်..

"ဘာလို့လဲ?.. မနက်စာက မကျန်တော့လို့လား?.."

"မဟုတ်ဘူး အလုပ်တွေ မပြီးသေးလို့.."

သူ့ကို ပြန်မကြည့်ဘဲ စားပွဲပေါ်က ဆေးတွေကိုသာ အာရုံစိုက်နေသည်..

သူကျတော့ မနက်စာတောင် မစားရသေးဘဲ ဒီက လူက ဘယ်လိုလုပ် စားလို့ဝင်မှာလဲ?..
ဟို လူနာကောင်ကိုပဲ အာရုံစိုက်နေပြီးတော့..

"မစားဘဲမနေရဘူးလေ!.. အလုပ်ကြီးပဲ လုပ်မနေနဲ့ နောက်မှ လုပ်လည်း ဖြစ်တယ်.. ထမင်းလာစား hyg ပြင်ပေးခဲ့မယ်.."

"ပြင်ပေးခဲ့မယ်ဆိုတော့ hyg က ဘယ်သွားအုံးမလို့လဲ?.."

"အခန်းထဲက တစ်ယောက်ကို ဆေးနဲ့ အစာတစ်ခုခု သွားပေးမလို့.."

"ကျစ်!.. ကျွန်တော့်ထက်တောင် အဲ့အခန်းထဲက လူကို ဂရုစိုက်နေတာလား?.. ထမင်းတစ်နပ်တောင် မစားဘဲနဲ့လေ.."

"ဂျီမင်..မဟုတ်သေး.."

"Hygက ကျွန်တော့်ကို အရင်လို ဂရုမစိုက်ပေးတော့ဘူး.. ကျွန်တော် နေမကောင်းဖြစ်နေတုန်ကတောင် hyg က အလုပ်ကြီး ဖိလုပ်နေခဲ့တာ.. အခု ဟိုညိုတိုတိုကောင်ကိုကျတော့--.."

"ဂျီမင်!.."

မျက်ရည်လေးတွေ ဝေ့ဝိုင်းနေပြီး နှုတ်ခမ်းဖူးဖူးလေးကစူထားတဲ့ဂျီမင်က ပုံးထဲက ဆေးထုပ်တွေကို ပစ်ပစ်ချနေသည်..

ကျန်တဲ့အချိန်မှာ ပတ်ခ်ဂျီမင်ဆိုသူက
ဒေါက်တာပုံ ပေါက်ချင် ပေါက်နေလိမ့်မည်..

ဆော့ဂျင်နဲ့ အတူတူရှိနေရင်တော့ ငါးနှစ်သားက အရှူံပေးရသည်..

မဟုတ်ရင်မခံ..စကားတစ်လုံးတောင် ရင်ထဲမှာ မြိုသိပ်မထားတတ်တဲ့ ဂျီမင်က အရမ်း ပွင့်လင်းလွန်းသည်..

Comfort Zone Donde viven las historias. Descúbrelo ahora