ကျန့်"ဝမ်ရိပေါ်!"
အခန်းထဲဝင်လာလာချင်းသူ့နာမည်ကို အော်ခေါ်တဲ့ရှောင်ကျန့်ကြောင့် အဝတ်စားတွေသိမ်းနေတဲ့ရိပေါ်ကိုယ်လေးတုန်တက်သွားရပါသည်
Leo"ကိုကမင်းထက်အသက်ကြီးနော်ကျန့်အာ ပြီးတော့မနက်ဖြန်ကိုက ရှန်ဟိုင်းကိုစာတမ်းပြုစုဖို့ ရှန်နဲ့လိုက်သွားမှာမလို့ခေါင်းအေးအေးထားပါရစေ"
ကျန့်"အသက်ကြီးတယ် ခင်ဗျားလုပ်ရပ်တွေက ကလေးဆန်နေတယ်ဆိုတာရောသတိထားမိရဲ့လား ခင်ဗျားကတော့သွားတော့မှာပေါ့ ကိုကိုပြန်လာတာနဲ့ကိုကို့နောက်လိုက်သွားတော့မှာပေါ့ ကျွန်တော့ကိုကအရှုပ်ထုပ်တွေနဲ့ထားခဲ့တော့မှာလေ"
Leo"အခုဘယ်လိုလုပ်ပေးရမှာလဲ သူ့ဟာသူတစွန်းတစကြားပြီး ကလေးလိုတွေးသွားတာလေ ကျန့်အာ"
ကျန့်"ခင် ခင်ဗျား အတော်မလည်မရှုပ်တဲ့သူဘဲ"
Leo"ရှောင်ကျန့်! မင်းကို့ကိုဒီလိုမပြောနဲ့"
ကျန့်"ပြောရမှာဘဲ! "
Leo"ကို့ကိုမအော်နဲ့ရှောင်ကျန့် သူဒီလိုတွေးတာကိုလဲထိခိုက်ပါတယ် မင်းဘဲထိခိုက်တာမဟုတ်ပါဘူးရှောင်ကျန့်ရဲ့"
ကျန့်"ဘာဖြစ်လဲ အချိန်တန်ခင်ဗျားက ဟိုကိုပြန်သွားမယ့်လူလေ ကျွန်တော်ကသာကျန်ခဲ့ရမယ့်လူ"
Leo"မင်း ကို့ကိုအဲ့လိုမပြောနဲ့နော်"
ကျန့်"ခင်ဗျားကအဲ့ဒါနဲ့ဘဲတန်တာလေ"
Leo"ကျန့် ကျန့်အာ"
ကျန့်"မကြားချင်ဘူး ခင်ဗျားကမျက်စိရှေ့ကမြန်မြန်ထွက်သွား ခင်ဗျားနဲ့ဝေးဝေးနေမှ ကျွန်တော့်ဘဝကအေးချမ်းမှာ"ရိပေါ် သူ့ကိုပစ်ပစ်ခါခါပြောနေတဲ့ ရှောင်ကျန့်ကြောင့်ရင်နာရပါသည် ကျန့်အာကသိပ်ရက်စက်တယ် သူ့အချစ်တွေကိုစော်ကားသလို သူ့အချစ်တွေကိုလဲမမြင်ဘူး ကျန့်အာကိုချစ်မိတာကလွဲရင်ကျန့်အာနစ်နာမှာကို သူတစ်ခါမှမရည်ရွယ်ဖူးဘူး ရှောင်ကျန့်သူ့ရှေ့မှာ နှုတ်ခမ်းလုံးလုံးလေးတွေတဆတ်ဆတ်တုန်ကာ မျက်ရည်တွေကျလာတဲ့ရိပေါ်ကြောင့် သူ့စကားမှားသွားကြောင်းသိလိုက်ရတယ် အချိန်တန်ကိုကိုနဲ့လက်ထပ်မယ့်သူဟုတွေးမိတိုင်း သူရင်ဘတ်တွေအောင့်ရသလို အဲ့ခံစားချက်ကြီးကိုလဲမကြိုက်ဘူး
Leo"မင်း သိပ်ရက်စက်တယ်ကျန့် ကိုကမင်းကိုချစ်မိတာကလွဲရင် ဘာမှထိခိုက်စေလိုစိတ်မရှိခဲ့ပါဘူး မင်းနဲ့အတူရှိခဲ့တဲ့အချိန်ကတစ်လထဲမို့ ကို့အချစ်ကိုမင်းမယုံမှာစိုးလို့ဖွင့်ပြောတာတောင်မလုပ်ခဲ့သူပါ ဒါဒါကိုမင်းကကို့အချစ်တွေကိုမမြင်ရုံမကဘူး စော်လဲစော်ကားသေးတယ်"
ကျန့်"မချစ်နဲ့ ခင်ဗျားအချစ်တွေကိုမလိုချင်ဘူး ခင်ဗျားနဲ့လဲဆက်မပတ်သက်ချင်သလို ထပ်ပြီးတော့လဲမမြင်ချင်တော့ဘူး"