EP - 1

605 38 4
                                    


"Jisung! ညနေကျရင် မေဂျာတူစီနီယာတွေနဲ့ Gathering ပွဲရှိတာမမေ့နဲ့နော်"

ဘေးခုံက Chenle ဆိုတဲ့ အတန်းဖော်သူငယ်ချင်းက လှမ်းသတိပေးတာကို ကျွန်တော် ခေါင်းပြန်ညိမ့်ပြရင်းပဲ တုံ့ပြန်လိုက်တယ်။

ကျွန်တော့်ကိုကျ သတိတရ လှမ်းပြောတဲ့ ဘေးခုံကသူငယ်ချင်းကတော့ ခဏအကြာမှာ အတန်းမတက်ဘဲ လစ်ထွက်သွားတော့တယ်။ ကျေးဇူးတော့တင်သား သူသတိမပေးရင် ကျွန်တော်တကယ်လည်းမေ့နေတော့မှာ။

လူများတဲ့နေရာတွေမကြိုက်တဲ့ ကျွန်တော့်အတွက် ညနေဆုံကြမယ့်ပွဲက သွားလည်းအခက်၊ မသွားလည်းအခက်.. သွားရင်အခက်တွေ့တာက လူတွေများတဲ့နေရာမို့၊ မသွားရင်အခက်တွေ့တာကျ ကျွန်တော့်လို ပထမနှစ်ကျောင်းသား အထူးသဖြင့်မအူမလည်လေးအဖို့က သေချာပေါက် မေဂျာတူစီနီယာတစ်ယောက်ရဲ့အကူအညီတော့လိုအပ်တာမို့.. မသွားရင်လည်းမဖြစ်ရပြန်..။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ကျောင်းနဲ့မနီးမဝေးက အသားကင်ဆိုင်တစ်ခုမှာ ဆုံကြဖို့လုပ်ထားကြတာကြောင့် စိတ်ရှုပ်ရတာတစ်ခုတော့ လျော့သွားရတယ်။ ဖုန်းက နာရီကိုကြည့်လိုက်တော့ ညနေ ၅ နာရီထိုးဖို့ ၅ မိနစ်လောက်ပဲလိုတော့တယ်.. ၅ နာရီမှာ ဆုံကြဖို့ချိန်းထားကြတာမို့ ဆိုင်ထဲဝင်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ လေပြင်းပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း ဆိုင်တံခါးဖွင့်ပြီးဝင်သွားတော့ စကားပြောသံခပ်ညံညံတွေကို မတိုးမကျယ် စ,ကြားနေရတယ်။

ဆိုင်ရဲ့ထောင့်ဆုံးနားက ဝိုင်းထိုင်နေတဲ့လူအုပ်ဆီသွားဖို့ ခြေလှမ်းတွေစလိုက်တဲ့အချိန် အနောက်ကနေ တစ်စုံတစ်ယောက်က ကျွန်တော့်ပုခုံးတစ်ဖက်ကို လာပုတ်လိုက်တာ ခံစားမိလိုက်တယ်။ နောက်ကိုလှည့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ပဲ.. ကျောပိုးအိတ်လွယ်ထားပုံထောက် သူလည်း ကျောင်းသားပဲထင်တယ်။

"Gathering ပွဲက ပထမထပ်မှာ"

အဲ့လိုပြောပြီးတာနဲ့ သူကတော့ ကောင်တာဘေးမှာရှိတဲ့ လှေကားကနေ အပေါ်ထပ်ကိုတက်သွားပြီး ကျွန်တော်ကပဲ ပြူးကြောင်ကြောင်နဲ့ ရပ်ကျန်နေခဲ့ရတယ်။

I talked to Cupid, and he said we're meant to be. Where stories live. Discover now