EP - 4 (zawgyi)

65 3 2
                                    

အခုတော့ဖြင့် တာဝန်ယူခိုင်းတဲ့သူက ပျောက်နေပြီး တာဝန်ယူရမယ့် ကျွန်တော်က တမျှော်မျှော်..

ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးမြန်းရအောင်လည်း ကျွန်တော့်မှာ စီနီယာရဲ့ဖုန်းနံပါတ်ကမရှိ.. အကောင်းဘက်ကတွေးကြည့်ပြန်ရင်တော့ ဘာမှမဆက်သွယ်လာဘူးဆိုတာ စီနီယာသက်သာတယ်ဆိုတဲ့အဓိပ္ပါယ်ပဲမလားလေ။

ဆက်သွယ်လာစေချင်ပြီး တာဝန်တအားယူချင်နေတဲ့ ကျွန်တော့်အကြောင်း စီနီယာသာသိရင်တော့ တကယ်ဆွဲထိုးခံရလောက်တယ်။ အနည်းဆုံးတော့ သက်သာရင်လည်း သက်သာကြောင်း ဖုန်းမဆက်လည်း စာလေးတော့ပို့သင့်တယ်မဟုတ်လား..။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

"အတန်းပြီးပြီလား"

အတွေးတွေပြန့်ကျက်ရင်း လမ်းလျှောက်နေတုန်း ဘေးနားကိုဘယ်အချိန်ရောက်မှန်းမသိရောက်လာတဲ့ စီနီယာ။

အမှန်အတိုင်းပြောရရင် ကျွန်တော် နည်းနည်းပျော်သွားခဲ့တယ်။

"ဟုတ် ပြီးပြီ..
ဒါနဲ့ စီနီယာရော သက်သာရဲ့လား ခါးက.."

"ဘယ်လိုပြောရမလဲ.. တစ်ချက် တစ်ချက်တော့ နာတုန်းပဲ
အဲ့တာကြောင့် မင်း ပြောထားတဲ့စကားတော့ မမေ့ဘူးမလား"

"ကျွန်တော် မမေ့ပါဘူး
အဲ့တာဆို အခု ဘယ်သွားမလဲ.. ဆေးရုံသွားကြမလား"

"...."

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

"ငါ့ကို လာကူပေးဦး"

စီနီယာ့ကိုချန်ထားခဲ့ပြီး ရှေ့ကိုငေးမောနေလိုက်တာ အနောက်က အော်ခေါ်မှ သတိဝင်တယ်။ ခေါင်းတကုတ်ကုတ်နဲ့ သွားလေးဖြီးပြရင်း Camera ဆင်နေတဲ့ စီနီယာဆီအပြေးသွားလိုက်တယ်။

Sunset View ရိုက်ဖို့ရှိတယ်ဆိုပြီး စီနီယာက ဟန်မြစ်ကမ်းဘေးကို ခေါ်လာတာဖြစ်တယ်။ သဘာဝတရားက သိပ်ကိုသဘောကျချင်စရာကောင်းတယ်.. သဘာဝတရားကို အပြည့်အဝခံစားရင်း ပျော်ရွှင်နေကြတဲ့လူတွေကိုကြည့်ရင်း ကျွန်တော့်ဆီပါ အပျော်တွေကူးစက်လာသလို..။

မြစ်ကမ်းဘေး ထိုင်ခုံလေးတွေမှာ ထိုင်နေကြရင်း ရယ်မောနေကြတဲ့သူတွေက ချစ်ခြင်းတရားအမျိုးမျိုးနဲ့ ဆက်နွယ်နေကြတဲ့သူတွေ.. သားငယ်လေးကို စက်ဘီးစီးသင်ပေးနေတဲ့ အဖေတစ်ယောက်ရဲ့ ရွှင်လန်းတက်ကြွနေတဲ့ပုံရိပ်တွေရယ်.. မြစ်တစ်လျှောက်ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနုအေးညှင်းညှင်းလေးတွေရဲ့ အငွေ့အသက်ကိုခံစားဖို့ အသက်ကြီးကြီးစုံတွဲတစ်တွဲကလည်း မြစ်ကမ်းဘေးက ဆည်းဆာပွဲတော်ဆီပါဝင်နွှဲပျော်ကြသေးတယ်။

I talked to Cupid, and he said we're meant to be. Where stories live. Discover now