Part (1)

3.7K 322 14
                                    

今天我不想洗碗
ဒီနေ့ ငါ ပန်းကန်မဆေးချင်ဘူး

"ဒီနေ့ငါပန်းကန်မဆေးချင်ဘူး"
"ကိုယ်ဆေးမယ်"

....................................

ဧည့်ခန်းထဲရှိ ကြိုးဖုန်းသည် မလျော့သော ဇွဲလုံလဖြင့် ဆိိုးရွားစွာ ထွက်ပေါ်လာခဲ့၏။

ဒေါင်ရန်သည် ခေါင်းအုံးကို ယူကာ ခေါင်းကိုဖိလျက် အိပ်နေသည့် အနေအထားကို အမျိုးမျိုးပြောင်းလဲလိုက်သော်လည်း ဆိုးရွားလွန်းလှ
သည့် စူးစူးရှရှအသံအား တားဆီး၍မရနိုင်ခဲ့ပေ။
သူဒေါသထွက်ထွက်ဖြင့် ကျယ်လောင်စွာအော်လိုက်ပြီးမှ ကုတင်မှထကာ မည်သူမှန်းမသိရသည့် ဖုန်းခေါ်ဆိုမှုအား သွားကိုင်ခဲ့သည်။

ဆိုဖာပေါ်တွင် အိပ်ပျော်နေသည့် ပေါ့ဟယ်သည်
ဖုန်းသံကြောင့် လန့်နိုးလာကာ ခုန်ပေါက်လျက် ဒေါတသကြီးအသံတစ်ချက်ပေးကာ ထွက်ပြေးသွားလေသည်။

ဒေါင်ရန် နှင့် ရွှီကျီယန်တို့ အိမ်ကိုပြင်ဆင်ကြချိန်တွင် ရွှီကျီယန်က ဧည့်ခန်းတွင် ဖုန်းမြည်သံကျယ်သည့် ကြိုးဖုန်းတစ်လုံးကို ထားထားရမည်ဟု ပြုံးကာ ပြောခဲ့သည်။သူ အိမ်မှာမရှိသည့်အခါ မနက်တိုင်း ဒေါင်ရန်ကို နှိုးနိုင်ရန်အတွက်ပင်။

ဒါကြောင့်ပင် ဒေါင်ရန်က သူ့ကိုအမြဲနှောင့်ယှက်နေသည့် ဤကြိုးဖုန်းလိုင်းအား မုန်းသော်လည်း ၎င်းအား မဖြုတ်ထားရက်ပေ။

ဖုန်းဆက်သူမှာ သူ၏သူငယ်ချင်း ယန်ရန်ယန်ဖြစ်၏။ လောင်ရန်ဟု လူအများက ခေါ်ကြသည်။ အမှန်အတိုင်းဆိုရလျှင် ဒေါင်ရန် ဤကဲ့သို့ ဆိုးသွမ်းလှသော အမည်အား လောင်ရန် မိဘများ မည်သည့်စိတ်မျိုးဖြင့် ပေးခဲ့ကြသလဲဆိုတာ နားမလည်နိုင်ခဲ့။

လောင်ရန်က "ဘာကိစ္စရှိလို့မှမဟုတ်ဘူး သူက တရုတ်ပြည်ကို ပြန်ရောက်လာလို့ ညကျရင် ညစာအတူစားကြမလား"ဟု မေးမြန်းခြင်းသာ။

ဒေါင်ရန် ကြမ်းကြမ်းတမ်းတမ်း ဆဲရေးလိုက်၏။ နိုးနိုးခြင်းတွင် ဒေါသဖြစ်လွယ်တတ်သည့်အကျင့်ရှိသည့်အတွက် ဒေါသထွက်သွားခြင်းပင်။ လောင်ရန်က ထိုကဲ့သို့ အကျင့်အား ကြိုသိနေသည့်အတွက် စိတ်ဆိုးခြင်းမရှိခဲ့။ ဒေါင်ရန်စိတ်ဆ်ိုးပြေသည့်အထိ ရယ်မောကာ စောင့်ဆိုင်းနေခဲ့သည်။ ပြီးမှ တွေ့ကြမည့်အချိန်အား ချိန်းဆိုပြီးမှ ဖုန်းချလိုက်တော့သည်။

(今天我不想洗碗) ဒီနေ့ ငါပန်းကန်မဆေးချင်ဘူးWhere stories live. Discover now