Part (2) (Z) End....

962 32 4
                                    

သူအိမ်ပြန်ရောက်လာသောအခါ ဒီနေ့ ခက်ခက်ခဲခဲလုပ်ထားခဲ့သည့် အိမ်တွင် ညစ်ပတ်နေတာကို တွေ့လိုက်ရသည်။ တစ်ရှုးစများနှင့် သစ်သီးပန်းကန်သည် နေရာအနှံ့ပျံ့ကြဲနေပြီး သူနှစ်သက်သည့် သစ်သီးပန်းကန်ကလည်း မရှိတော့ချေ။ ကြမ်းပြင်ပေါ်တွင်လည်း အားလူးချောင်းများရှိနေသည်။ ပြီးတော့ တရားခံကလည်း ဆိုဖာပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းရင်း ခေါင်းအုံးကို ကိုက်ဖဲ့နေ၏။ ဒေါင်ရန်၏ မျက်လုံးတို့က မှေးစင်းလျက် ကြည့်လိုက်ကာ ခေါ်လိုက်တော့သည်။

"ပေါ့ဟယ်"

ပေါ့ဟယ်က ဘာမှမတုန့်ပြန်နိုင်ခင် သူထိန်းကာ ဂုတ်ပိုးကဖိကိုင်လိုက်တော့လေသည်။

"ဒီဟာတွေအားလုံးက မင်းလုပ်ထားတာလား?"

ဒီမေးခွန်းက အဓိပ္ပါယ်မရှိသော အပိုအမေးခွန်းတစ်ခုပင်။ ဒေါင်ရန် စိတ်ညစ်စွာ ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေသည့် အမှိုက်များအားကြည့်လိုက်သည်။

သူ ပေါ့ဟယ်ကို နှစ်ချက်လောက်ရိုက်လိုက်ကာ

"မင်းဘာလို့ ဒီလောက်တောင် ဆိုးသွမ်းနေရတာလဲ!"

ပေါ့ဟယ်က "မြောင်"လို အော်လျက် ဒေါင်ရန်လက်အား နောက်ပြန်လှည့်လိုက်ကာ ပြန်ကုတ်ခြစ်လျက် ထွက်ပြေးသွား၏။ ကုတ်ခြစ်ထားသော လက်ကိုဆုပ်ကိုင်ကာ ရှိုက်ကာငိုလျက် ခါးသီးစွာ တွေးလိုက်မိသည်။ ရွှီကျီယန်းမွေးထားခဲ့သည့် ကြောင်သည် မျှော်လင့်ထားသလို ပိုင်ရှင်ကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်ကာ အညှာအတာကင်းမဲ့သူဖြစ်သည်။

ကုတ်ထားခဲ့သည့်နေရာတွင် မကြာခင်ပင် သွေးများထွက်လာတော့သည်။ ဒေါင်ရန် သည် နာကျင်မှုကို ခံနိုင်ရည်ရှိပြီး ရှုပ်ပွနေသည်ကို ရှင်းလင်းရန် ထိုင်ချလိုက်သည် ။

ဒီသစ်သီးပန်းကန်ကို ရွှီကျီယန်းက ဝယ်ခဲ့ပေးခြင်းပင်။ ထိုအချိန်က ဒေါင်ရန်သည် မြင်မြင်ချင်း သဘောကျမိသော်လည်း ဘွဲ့ရရခြင်းဖြစ်နေကာ အိမ်သစ်အားပြင်ဆင်ရန်ရှိသေးပြီး ပန်းကန်သည် ယွမ်၄၀၀၀ရှိသည်။ ဒေါင်ရန်သည်အမြဲတမ်း အသုံးဖြုန်းကြီးသူဖြစ်၏။ ခဏတာ တုန့်ဆိုင်းသွားမိသော်လည်း ဝယ်ချင်စိတ်မရှိတော့ပေ။ ဒါပေမဲ့လည်း ရွှီကျီယန်က ဝယ်ယူခဲ့သည်။ အိမ်ပြန်ရောက်သောအခါ သူတွေ့လိုက်ရတာကြောင့် အရမ်းကိုပင် ပျော်ရွင်သွားခဲ့ရသည်။ ထိုချစ်ရသည့်လူအား ခုန်ဖက်လျက် အရူးလေးတစ်ယောက်လို ပျော်ရွှင်စွာ ပြုံးရယ်လိုက်တော့သည်။ ရွှီးကျီယန်းက သူ့ဆံပင်တွေကို ဖွဖွလေးတို့ထိလျက် ကြင်ကြင်နာနာနှင့်တိုးတိုးလေးပြောလာသည်။

(今天我不想洗碗) ဒီနေ့ ငါပန်းကန်မဆေးချင်ဘူးWhere stories live. Discover now