အပိုင်း၄.

3.4K 214 5
                                    

မူးနေသည့်လွိုင်းကြည့်ကာ
စိမ်းရယ်ချင်စိတ်တစ်ဖွားဖွား

အရိပ်မိုးတို့ဖုန်းဆက်ပေးလို့
ဒီကိုရောက်လာသည်ကသိပ်မကြာသေး
ဆိုးသွမ်းနေသည့်ဒင်းလေးကစိမ်းမသောက်ဖို့တားသည်ကိုလဲနားထောင်ဘဲ
စိမ်းကိုပင် မှတ်မမိအောင်အထိ
အရက်သမားလေးဖြစ်လို့နေလေသည်

ကိုယ်က မ မှမချစ်ရင်သေမှာလို့

ဘယ်က မ လဲ ငါတို့မှမသိတာလွိုင်းရဲ့

မျက်နှာလေးရဲကာ မူးနေသည့်
လွိုင်းပုံလေးဟာချစ်စရာကောင်းနေသည်

လွိုင်းပုံကိုကြည့်ကာvideoရိုက်ပြီး
တခွီးခွီးနှင့်ရယ်နေသည့်အရိပ်မိုး

သူ

ဘယ်သူလဲ ဟ

စိမ်းဆီသို့လက်ညိုးထိုးပြကာ
ယိုင်တိုင်တိုင်နှင့်လျှောက်လာသည်

ဒေါ်နီလာစိမ်း

အနားရောက်တော့စိမ်းလက်ကိုဆွဲယူကာ
ဒူးထောက်လိုက်သည်မို့စိမ်းလန့်သွားရသည်

လွိုင်း ထလေ ဘာလို့ အဲ့လိုကြီး
ဒူးထောက်နေလဲ ထပါ ခုံပေါ်မှာထိုင်

ကိုယ် မကိုတကယ်ချစ်တာ

စိမ်းလက်ကိုသူ့ပါးပြင်နှင့်ကပ်ကာ
စိမ်းကိုဖွင့်ပြောသည်မို့စိမ်းအံ့ဩသွားရသည်

ခပ်လှမ်းလှမ်းစနောက်ကာအော်ပြောပြီးရှောင်ပေးသွားတဲ့မိုးကိုကြည့်ကာပြုံးလိုက်ပြီး
အောက်မှာဒူးထောက်နသည့်
သူ့လက်ကိုလှုပ်နိုးတော့ထိုနေရာမှာတင်
သူကအိပ်ပျော်သွားလေသည်

:မယုံဘူး ဒါငါမဟုတ်ဘူး
ငါ ငါမှအရက်မသောက်တတ်တာ
မိုးနင်လာနောက်မနေနဲ့

:အမလေးငါကဘဲနောက်ရတယ်ရှိသေး
ကိုယ့်ဟာကိုယ်မူးရူးပြီး ဒေါက်တာကို
ပေါ့ပေါ့ပျက်ပျက်ရည်းစားသွားပြောတာများ
မယုံနေပေါ့ ပေး ငါဖုန်း

:မဖြစ်နိုင်တာတွေ

:မယုံလဲနေ ကိုယ့်အစ်မကိုတောင်သွားဖွင့်ပြောတဲ့
နင့်ကိုလေးစားတယ်

:အစ်မမဟုတ်ဘူးဟဲ့

:ဒါဆိုဘာလဲ ဒေါက်တာကနင့်ရည်းစားလား

"For Doctor"Where stories live. Discover now