"ကျောင်းအတူတက်ချင်တယ်လို့"
သူ့ညီအဆိုးအဆာလေးသွားချင်နေတာနဲ့ Hyunsukတို့ ဘေးအိမ်ကို ထွက်လာကြသည်
မင်္ဂလာပါအန်တီ ကျနော်တို့က ဘေးအိမ်ကို ပြောင်းလာကြတဲ့သူတွေပါ ဒါလေးက
ဆန်မုန့်ပါအော် ပြောင်းလာကြတဲ့သူတွေကိုး
လာအထဲဝင်ဦး သားတို့ညီအစ်ကိုတွေလား
နှစ်ယောက်လုံးက ချစ်စရာလေးတွေဟုတ် အန်တီ
သားငယ်လေးက ဘယ်နနှစ်ရောက်ပြီလဲ
သားက ၃နှစ်
အိုက်ရီဂူး ချစ်စရာလေးပါလား
လက်ကလေးသုံးချောင်းထောင်ပြီး
ပြောလာတဲ့ အငယ်လေးကြောင့်
Hyunsuk မျက်လုံးပြူးရသည်
"ဘုရားရေ နောက်ဆုံးတော့ အငယ်လေး
တို့အိမ်ကအငယ်လေး ချွဲတက်လာပြီ
အိုက်ယိုး ငါ့အသဲနှလုံးတွေ "အန်တီအိမ်မှာလည်း သားနှစ်ယောက်ရှိတယ်ကွဲ့ သားတို့ေတွ အဖော်ရတာပေါ့
ဟုတ် အန်တီ
မုန့်စားနော် သားတို့
ရော့ သားငယ်လေး ဒါက မင်းကိုကိုလေးအရမ်းကြိုက်လို့ ဝယ်ထားတဲ့ဟာ
သားလေးက ချစ်စရာလေးမလို့ သားကို
ခွဲပေးလိုက္မယ်
သား ကိုကိုနဲ့ ဒိမှာ လာဆော့လို့ရလားဟင်
ရတာပေါ့ သားရဲ့ ဒါနဲ့ သားကြီးကကော
18ပါ အန်တီ ဒီနှစ် တက္ကသိုလ် တက်ရတော့မယ်ဗျ
အော် ဒါဆို Jihoonလေးထက်
၂နှစ်ငယ်တာပဲအော် ဟုတ်ကဲ့ အန်တီ ဒါဆို
Hyunsuk ပြောစရာမရှိလို့ ပြန်မယ်ပြောမလို့လုပ်နေတုန်း
တီလေး ကိုကိုကကော သားထက် ဘယ်နနှစ်ကြီးတာလဲဟင်
မင်းကိုကိုလေးက ၇နနှစ်ဆိုတော့ ၄နှစ်ကြီးတယ်သားလေးရဲ့
လေးနှစ်ကြီးတောင်လား
စိတ်ပျက်သလိုဖြစ်သွားတဲ့အငယ်ကောင်ကြောင့် Hyunsuk မျက္မှောင်ကြုတ်လိုက်သည်
"အခု ဒီကလေးက ဘာကို အလိုမကျသလိုကြီးဖြစ်နေတာတုန်း"
YOU ARE READING
ကိုကိုသည်သာ ကျနော့်ဘဝ
Fanfictionကိုကိုမှလွဲ ကျန်တာမစဉ်းစား ကိုကိုသည်သာ နံပါတ်1 နံပါတ်2 နံပါတ်3 ကိုကို နံပါတ်အကုန်ပိုင် ကိုကိုမှလွဲ ကျန်တာမမြင် ကိုကိုသည်သာအမြဲမှန် ကိုကိုသည် Ruto အပိုင်