Part-5

19 3 0
                                    

"သားပိုက်ကောင်မဖြစ်နိုင်လည်း ဘာအရေးလဲ ကိုကိုနားမှာ သားက လိပ်ပြာလေးလို ဝဲနေမယ်"

comment 1:ပြောနေတဲ့သူက အဲ့တုန်းက သုံးနှစ်ဆိုတာကော သေချာရဲ့လား

2:အတူတူပဲ ငါတို့ထက် အချစ်စာ အပြောကျွမ်းနေသလိုပဲ

3:+1

ကျွတ် အခုပြောမဲ့အပိုင်းမှာ ငါက ကြီးသွားပြီလေ နားမထောင်ဘူးလား ဘယ်လိုဖြစ်နေတာလဲ ပြောရတဲ့သူ feelပျက်အောင်လို့

2:ဟုတ်ပြီ ဟုတ်ပြီ ဆက်ပြောပါ
ကိုကို့အူးကြူးလေးရေ

ဟမ့် ဒီလိုကွာ

______________________________________

အဆိုးလေးရဲ့သားပိုက်ကောင်ပြဿနာဟာ
တစ်လကြာတဲ့အထိ မပြီးနိုင်မစီးနိုင်ပေ

"သား  ကျောင်းတက်ချင်တယ်"

အဆိုးလေး‌ေကျာင်းတက်ချင်တာဟာ
စာသင်ချင်လို့မဟုတ်
သူ့ကိုကိုနားကပ်နေချင်လို့ဆိုတာ အသိသာကြီးပင်

"သားက ငယ်သေးတယ်လေ နောက်၂နှစ်လောက်"

အမေပြောတာကို အလိုမကျသလို
ကလေးငယ်ဟာ ခြေဆောင့်လာသည်

"၂နှစ် မရဘူး အခုတက်ချင်တယ် သားက
တော်နေပြီ"

သူ့သားရဲ့စကားတက္မှုကြောင့် မိဘတွေက သဘောကျသွားပေမဲ့ အဆိုးလေးကို
နားလည်အောင်ပြောဖို့လုပ်ရမည်

"သားက အခုအသက်ဘယ်လောက်လဲ"

အမေမေးတာကို ဆူပုတ်ပုတ်ကြည့်ကာ
လက်ကလေးသုံးချောင်းထောင်ပြလာသည်

"၃နှစ်"

"သားကိုကိုက ဘယ်နနှစ်လဲ"

ကျောင်းတက်ချင်တာပါဆို ဘာတွေမေးနေမှန်းမသိတဲ့အမေကြောင့် အဆိုးလေးဟာ
အူပုတ်လာရသည်

"၇နှစ်"

"သား အဲ့အရွယ်ရောက္မှ တက်လို့ရမှ‌ာ
သားငယ်လေးရဲ့"

"လိမ်နေတာ ဟိုနေ့က ဟိုဘက်အိမ်က
အစ်ကိုကြီးကျတော့ စာတော်လို့ အတန်းကျော်တက်တာဆို"

စကားတက်လွန်းတဲ့ ကလေးငယ်ကြောင့်
အမေပြန်မပြောနိုင်ဖြစ်နေသည်ကို
ဟျွန်ဆော့ ဝင်ကူပေးရတော့သည်

"အဆိုးလေး မင်းသာ အခုချိန် မင်းကိုကိုနဲ့တူတူ သွားတက်ရင် တူတူနေရမှာ မဟုတ်တော့ဘူးနော်"

"ဘာလို့လဲ"

"ကျောင်းတက်ရင် စာလုပ်ရမှာ
သိတယ်မလား"

နားလည်သလို ခေါင်းကလေးငြိမ့်ပြသည်

"မင်းက အခုတက်ရင် မင်းကိုကိုထက် အတန်းငယ်မယ် ပြီးတော့
စာတွေလည်း အများကြီး လုပ်ရမှာနော်
အဲ့ကျ မင်းကိုကိုနဲ့တူတူမကစားရတော့ဘူး
ဘယ်လိုလဲ အဲ့လိုဆိုလည်း တက်ဦးမှာလား"

သူပြောစကားကို အသေအချာကြီး စဉ်းစားနေသည်

"အာရီးဂူး ဒီဦးနှောက်သေးသေးလေးနဲ့ ဘာတွေစဉ်းစားနေတာလဲ
အခုမတက်လည်း ရုတိုလေးက ကိုကို့ဆီ
သွားလို့ရတယ်လေ
ကျောင်းတက္မှသာ သားကိုကိုနဲ့မတွေ့ဘဲ
နေရမှာ သိရဲ့လား ဟင်"

ပြောရင်းနဲ့ဆံပင်လေးကိုဆွဲဖွတော့
ခါတိုင်းမကြိုက်တဲ့ကလေးငယ်က
ဘာမှ ပြန်မပြော

"အွန်း အဲ့ဒါဆိုလည်း သားနောက်၂နှစ်နေမှ တက်ပါတော့မယ်လေ"

နှုတ်ခမ်းလေးထော်ပြီး ကိုကိုနဲ့လည်းအတူနေချင် ခွဲရမှာလည်းကြောက်တဲ့ကလေးလေးဟာ ပြောချင်ရာပြောပြီး အပေါ်တက်သွားတော့သည်

တက်သွားတဲ့ကလေးဟာ သူ့ကိုကိုဝယ်ပေးထားတဲ့ ကိုအာလာအရုပ်ကလေးကိုလည်း တရွတ်တိုက်ဆွဲသွားသည်

အကောင်းငယ်တွေလို နားရွက်ကလေးများသာပါရင် ကုတ်ကျနေမှာဖြစ်တဲ့ပုံလေးကြောင့် မြင်နေရတဲ့အမေနဲ့အကိုမှာတေ့ာ သူတို့အငယ်ဆုံးလေးကို အချစ်ပိုလာရသည်

_____________________________________

အလွမ်းပြေ 😁

You've reached the end of published parts.

⏰ Last updated: Jun 22 ⏰

Add this story to your Library to get notified about new parts!

ကိုကိုသည်သာ ကျနော့်ဘဝ Where stories live. Discover now