4

19.8K 834 27
                                    

🍓 Part - 4 🍓
--------------------

အိမ်ကလေးပြီးသွားပြီမို့ မှုန်းသည် သူကြီးရဲ့အိမ်မှာနေစရာမလိုတော့ဘဲ အိမ်အသစ်လေးကိုသာ ပြောင်းရွှေ့လာခဲ့သည်။
ကျောင်းဝင်းထဲမှာ မှုန်းအပါအဝင် ဆရာမ၃ဦးရှိပြီး ကျန်နှစ်ယောက်က ထီဖောင်းရွာသူတွေမို့ ကျောင်းပိတ်ရက်တိုင်း ထီဖောင်းကိုပြန်တတ်ကြသည်။
ထိုကျောင်းပိတ်ရက်တွေကလွဲလျှင် မှုန်းသည် ကျောင်းထဲမှ ကျောင်းအပြင်ကို မထွက်ဖြစ်။

"ဆရာမ ကျွန်မရောက်ပါပြီ"

သူကြီးရဲ့တူမလေးဟု အခုမှသိရသော နန်းဖောင်းက မှုန်းကိုအသံပေးရင်း အိမ်ထဲဝင်လာတော့ မှုန်းသည် အဝတ်ခေါက်နေရင်းမှ လှည့်ကြည့်မိသည်။
စနေ၊ တနင်္ဂနွေနေ့တိုင်း နန်းဖောင်းက ညအိပ်အဖော်အဖြစ်ရောက်လာတတ်ကာ ဒီညတော့တစ်ယောက်တည်းမဟုတ်ချေ။

"အစ်မကြီး"

နှုတ်ဆက်သံနှင့်အတူ မှုန်းအနားသို့ စွေ့ခနဲရောက်လာသော ကလေးလေးတစ်ယောက်ကြောင့် မှုန်းအံ့အားသင့်သွားမိသည်။
ဒီကလေးဟာ ဘုန်းထက်နိုင်နှင့်အမြဲတွေ့ရသည့် ထိုလူ၏မွေးစားညီလေးဖြစ်ကာ ဒီညမှထူးထူးဆန်းဆန်းပါလာသူဖြစ်၏။

"သားက ဘယ်ကဘယ်လိုပါလာတာလဲ"

"မမကြီးနဲ့ မနန်းဖောင်း နှစ်ယောက်တည်းမို့လို့ လိုက်လာတာပါဗျ"

"Aww သားလေးက သိတတ်လိုက်တာ ဆရာမ မနက်တုန်းက အာလူးသီးတွေကို ပါးပါးလှီးပြီး ကြော်ထားတယ် သားစားမလား"

"ဟုတ်"

"ဒါဆိုခဏ"

မှုန်း ခေါင်းလေးညိတ်ပြလိုက်ရင်း ဒီကလေးအတွက် အာလူးကြော်တွေထည့်နေတုန်း အိမ်တံခါးဆီမှ ခြေသံတိုးတိုးကြားလိုက်ရသည်။
ဘယ်သူလဲဟု မှုန်းလှည့်ကြည့်မိပြန်တော့ နောက်ထပ် မဖိတ်ခေါ်ဘဲရောက်လာသူတစ်ဦး…

"အစ်ကိုကြီး"
"ဆရာထက်"

နှုတ်ဆက်သံကိုယ်စီဖြင့် စဝ်ခွန်ခရော နန်းဖောင်းကပါထရပ်လိုက်ကြ၍ ထိုလူ့ကို မှုန်းအမြင်ကတ်သွားမိသည်။
ဘုန်းထက်နိုင်ဆိုသည့်လူဟာ ဘယ်လိုအခြေအနေ၊ ဘယ်လိုအဆင့်အတန်းလဲမသိပေမယ့် ဖာမွန်းကလူတိုင်း သူ့စကားကိုနားထောင်ကြသည်။
ဘယ်နေရာမှာပဲ တွေ့လိုက်တွေ့လိုက် မတ်တပ်ရပ်ပြီးကြိုဆိုကာ ရိုသေကျိုးနွံသော ဆက်ဆံမှုတွေဖြင့်…

The Legends (Players Season 2)Where stories live. Discover now