2

247 27 0
                                    

အခန်း(၂)

_________________________________________

ကျန်းချင်းလင် အဲ့ညက ကောင်းကောင်းအိပ်မပျော်ဘဲ သူမရဲ့ဇီဝနာရီကြောင့် ဖြည်းဖြည်းချင်း နိုးလာတယ်။ နောက်တော့ သူမ သွားတိုက်တံယူကာ သွားတိုက်တံပေါ် သွားတိုက်ဆေးညှစ်ချပြီး သွားတိုက်လိုက်တယ်။ ရေနွေးနဲ့ မျက်နှာသစ်ပြီးနောက် မနက်စာ အားရပါးရ စားလိုက်တယ်။ သူမဘဝက ပုံမှန်အတိုင်း ဆက်သွားနေခဲ့ပြီး ညလယ်ကြီးမှာ အမည် တောင်မသိရသေးတဲ့ မဖိတ်ခေါ်ထားသော အမျိုးသားတစ်ယောက် သူ့ခြေထောက်နဲ့သူ ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး။

" ဒီနေ့ စောစောပြန်လာခဲ့။ ကိုယ် အရသာရှိတဲ့ အစားအသောက်တွေ ပြင်ဆင်ထားလိုက်မယ်" သူက တံခါးနားထိ သူမကို လိုက်ပါနှုတ်ဆက်ရင်း ပြောလိုက်တယ်။

တစ်နေ့လုံး ကျန်းချင်းလင်ခေါင်းထဲ ပရမ်းပတာနဲ့ နောက်ကျိရှုပ်ထွေးနေတယ်။ အဲ့ဒီလို ဖြစ်နေတာခဲ့တာ သူမအိမ်ပြန်ရောက်ပြီး သန့်ရှင်းသပ်ရပ်တဲ့ အိမ်နဲ့ စားပွဲပေါ်က အစားအသောက်ပူပူကို မြင်တွေ့ရတဲ့ အချိန်ထိပဲ။ နောက်ဆုံးတော့ သူမသည်းမခံနိုင်တော့တာမို့လို့ အိတ်ကိုပစ်ချပြီး မီးဖိုချောင်ထဲ ခပ်သုတ်သုတ်သွားလိုက်တယ်။ သူမ အေပရွန်ဝတ်ထားပြီး စွပ်ပြုပ်အိုးမွှေနေတဲ့ အမျိုးသားကို ဆွဲခေါ်လိုက်တယ်။" နင် ဘာလုပ်ချင်တာလဲ။ နင်က ဘယ်ကလူလဲ။ နင်က ဒီအန်တီကို ခြောက်ရဲတယ်ပေါ့ ဟုတ်လား? သူမရဲ့ စိုးရိမ်ပူပန်မှုများ ကျိုးပျက်လုမတတ် ဖြစ်လာတယ်။

"စွပ်ပြုပ် ဖိတ်စင်သွားအုံးမယ်။ အပူမလောင်အောင် ဂရုစိုက်အုံး။ အိမ်မှာ အပူလောင်နာအတွက် လိမ်းဆေး မရှိတော့ဘူးထင်တယ်။ ချင်းလင်၊ မင်းက ထမင်း အရင်ယူသွား။ ကိုယ် မကြာခင် အရံဟင်း (အသီးအရွက်ဟင်း) ပြင်လို့ ပြီးတော့မယ်" အမျိုးသားက စောစောက အမျိုးသမီးရဲ့ ကြမ်းတမ်းတဲ့ အပြောကို လုံးဝစိတ်မဆိုးပဲ အပြုံးနဲ့ ပြောလိုက်တယ်။

ကျန်းချင်းလင် ထမင်းနှစ်ပန်းကန်နဲ့ ခုံပေါ်မှာ သစ်သားရုပ်ထုလို ထိုင်နေခဲ့တယ်။

နောက်တော့————

"ကိုယ်က လူသားမဟုတ်ဘူး။ ကိုယ်က စာအုပ်ထဲမှာ မင်းရဲ့ကြင်နာတဲ့ဖော်ပြမှုကြောင့် ရှိနေတဲ့ နတ်ဆိုးတစ်ယောက်ပါ။ ကိုယ့်ရဲ့ မူလပုံစံက သမင်လေ" သူမ သူပြောတာကို မယုံမှာစိုးတာကြောင့် သူ့ခေါင်းပေါ်မှာ သမင်ဦးချိုနှစ်ခု ပေါ်လာတယ်။ ပေါ်လာပြီး အလျှင်အမြန်ပဲ ပျောက်ကွယ်သွားတယ်။ အမျိုးသားက သူမအတွက် စွပ်ပြုတ်ထည့်ပေးနေရင်း သူမကို ရှင်းပြနေတယ်။

အချစ်နတ်ဆိုးလေး🌲ဘာသာပြန် [Completed]Where stories live. Discover now