3

210 27 0
                                    


အခန်း(၃)
______________________________________

အခုတော့ ကျန်းချင်းလင်ဟာ  သူမဘဝထဲ ဝင်ရောက်လာတဲ့ ပိုင်နျန်ဟု အမည်ပေးထားသော သမင်နတ်ဆိုးတစ်ကောင် ပိုလာခဲ့ပါတယ်။ သူက အများအားဖြင့် နူးညံ့ပုံပေါ်တဲ့ ပြုံးနေတဲ့ မျက်နှာထားနဲ့  ရှိနေသော်လည်း တကယ်တမ်းကျတော့ မှောင်မှိုက်နေပြီး အဆိုးဆုံးအပိုင်းကတော့ သူမ ကိုယ့်ကိုယ်ကို သိတာထက်တောင် သူက သူမကို ပိုသိနေတာပဲ ဖြစ်တယ်။

ဒီတော့ ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ကျန်းချင်းလင်ဟာ ပိုင်နျန်ကို ကြွေမိသွားပြီလို့ ကိုယ့်ကိုယ်ကို သိလိုက်ချိန်မှာ မအံ့သြတော့ဘူး။ တကယ်တော့ သူမ နည်းနည်းမှာ ရုန်းကန်စရာ မလိုခဲ့ဘူးလေ။

" အတိတ်ဘဝတွေမှာ ကိုယ်တို့က ချစ်သူတွေ ဖြစ်နေတာကြောင့်လေ။ ဒီဘဝလည်း ဒီလိုပဲ။ အနာဂတ်ဘဝတိုင်းမှာလည်း ဒီအတိုင်းပဲ ဖြစ်မှာ " ပိုင်နျန်က သူမရဲ့ လည်တိုင်ဘေးကို နူးညံ့ညင်သာစွာ လျှာနဲ့လျက်ရင်း ပြောလိုက်တယ်"

"နေဦး၊ ငါ ကိုယ်ဝန်ရှိလာမှာလား"

" ချင်းလင်ရဲ့ အာရုံစိုက်မှုကို ကိုယ်နဲ့ပြိုင်ဆိုင်လုမယ့်သူ ရှိလာမှာ မဟုတ်ဘူး။

ကျန်းချင်လင် တိတ်ဆိတ်စွာဖြင့် တစ်ဖက်လှည့်လိုက်တယ်။

သူက ရူးနမ်းနမ်း သမင်နတ်ဆိုးလေး တစ်ကောင်လို့ သူမ အမြဲတွေးထားပေမယ့် ရူးတဲ့သူက သူ့ထောင်ချောက်ထဲကျသွားပြီး အခု ဒီ "ရူးနမ်းနမ်း" နတ်ဆိုးနဲ့ ချစ်ပွဲဝင်နေတဲ့ သူမပဲ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်…ဒါက မကောင်းတဲ့ ခံစားချက်မရှိပါဘူး။ ဒီတိုင်း…

တစ်နှစ်၊ သုံးနှစ်၊ ခုနှစ်နှစ်၊ ဆယ်နှစ်၊ နှစ်နှစ်ဆယ်၊ နှစ်သုံးဆယ်၊ နှစ်ငါးဆယ်…ကျန်းချင်းလင်  ဘဝဟာ သူမ အသက်နှစ်ဆယ်ခုနှစ်အရွယ်က သူမဘဝထဲဝင်ရောက်လာတဲ့ သမင်နတ်ဆိုးရဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်နေတယ်။သူက သူမကို ခဏလေးမှ ထားမသွားခဲ့သလို သူမမှာလည်း နောင်တ မရှိခဲ့ပါဘူး။

ကျန်းချင်းလင် တဖြည်းဖြည်း အိုမင်းလာချိန်မှာ ပိုင် နျန်ကတော့ ငယ်ရွယ်မြဲ ငယ်ရွယ်ဆဲပဲ။ ကျန်းချင်းလင်ဟာ သူမခန္ဓာကိုယ်ပေါ်ရှိ အိုမင်းရင့်ရော်မှု အကျိုးသက်ရောက်မှုတွေရဲ့ ရိုက်ခတ်မှုကြောင့် သည်းခံစိတ်ရှည်မှု နိမ့်ပါးလာတယ်။ သူမ ဒေါသ ဆိုးရွားလာရင်တောင် ပိုင်နျန်ကတော့ မပြောင်းလဲဘူး။ သူက အရင်ကလိုပဲ။ ဘာဖြစ်ဖြစ် သူမကို ချစ်နေဆဲပဲ။ သူက ကျန်းချင်းလင်ရဲ့ ဆံပင်တွေ ဖြူလာတာကို မမြင်တဲ့အတိုင်း ပိုင်နျန်ရဲ့ ကြည်လင်တဲ့ မျက်လုံးထဲမှာတော့ သူမက လှပနေဆဲပဲ။

အချစ်နတ်ဆိုးလေး🌲ဘာသာပြန် [Completed]Where stories live. Discover now