မေ့မရတဲ့ချစ်သူ Ep.3

371 45 4
                                    

Bible-ဘာမှမဖြစ်ဘူးဆိုလည်း Okလေ

ကောင်လေးက...ဒါတောင်
အရယ်မပျက်ပဲ...မတ်တပ်ထရပ်နိုင်တာကြောင့်... ကျွန်တော်လည်း ခပ်ခွာခွာ
ရပ်လိုက်သည်။

Biu-တကယ်တော့.. 
ကားကရပ်ထားနေအုံးမယ်ထင်လို့..
ချက်ချင်းမောင်းထွက်လာတော့ လန့်ပြီး

^ဟင် ^ဘာလား

Bibleတစ်ယောက်...အချိန်ကို
ပွန်းပဲ့မခံနိုင်သူပီပီ.. တစ်ဖက်က
Biuရဲ့စကားတွေကို နားမထောင်တော့ပဲ
ကားထဲပြန်ဝင်သွားတာမို့ Biuကြောင်
တောင်တောင်ကျန်နေခဲ့ရင်းး

နားမလည်နိုင်ဖြစ်သွားရသည်။

Biu-ဘာလဲဟ...ဆိုက်ကိုလား
အမှန်ဆို...ငါ့ကို တောင်းပန်သင့်တယ်
မဟုတ်ဘူးလား။

Biuပွစိပွစိနဲ့ ကားရှေ ရပ်နေတာကြောင့်
Bible တစ်ယောက်ကားထဲကနေ ဟွန်းကို
ထပ်တီးတာမို့ လန့်ကာ..အနောက်သို့ရှောင်
ရပ်ပြီးနေခိုက်..ကားမှန်ပြန်ပွင့်လာပြီး

Bible-ရော့...
အိမ်ရောက်လို့မှ ဒဏ်ရာအနာတစ်ရ
ဖြစ်လာခဲ့ရင်.. ဆက်သွယ်လိုက်...
ငါ့လူတွေက မင်းကိုဆေးရုံလိုက်ပို့လိမ့်မယ်

လိပ်စာကဒ်တစ်ခုကို
လှမ်းပေးလာတာကြောင့်..Biuက

Biu-မလိုပါဘူး
ဘာမှလည်းဖြစ်လာမှာမဟုတ်လို့
စိတ်မပူပါနဲ့...သွားစရာရှိတာသာသွားပါ

အခုမှ..ကြည့်မိသည်။

ကားကလည်းတကယ့်အကောင်းစား
လူကလည်း...အင်းး ဘယ်လိုပြောမလဲ
မျက်နှာထားကသာ တင်းမာနေတာ
ချောမောတာတော့ အထင်းသားကြီးပေါ်နေ
ပေမယ့်..လူတွေပေါ်ဆက်ဆံတာတော့

တကယ့်အနူတ်လက္ခဏာဆိုတာ
ကြည့်တာနဲ့ သိနေသည်မို့ ကျွန်တော့်
နူတ်ခမ်းလေးတောင် မသိမသာမဲ့တွန့်မိရင်း
ထိုလူကို ကျောခိုင်းကာ... မိုးရေထဲပြန်ပြေး
နေမိပြီ။

သူနဲ့ပတ်သက်တော့ကော ဘာထူးမှာလဲ။

ထူးဆန်းတယ်။

လူတော်တော်များများက
လူချမ်းသာတွေနဲ့တွေ့ရင် အခွှင့်ရေးမပေး
တောင်အခွှင့်ရေးကို အရယူတက်ကြပြီး
ပေးလာရင်လည်း မငြင်းကြဘူးလေ။

မေ့မရတဲ့...ချစ်သူWhere stories live. Discover now