မေ့မရတဲ့...ချစ်သူ ep.1

901 45 1
                                    

ကောင်းကင်ကြီးက သာယာပြီး
နေသာသော....နေ့တစ်နေ့မှာပေါ့....

ကျွန်တော်ရယ် မားနဲ့ပါးအတူ
ချင်းမိုင်မှာရှိတဲ့... အပန်းဖြေစံအိမ်ကြီးကို
အနားယူဖို့လာခဲ့တယ်...

ပါးက အရှေမှာ ကားမောင်းပြီး
မားက...ဘေးကထိုင်နေခဲ့တယ်....

ပါးရဲ့ စကားတွေတိုင်းကို နှစ်လိုဖွယ်စွာ
ပြုံးပြီးနားထောင်နေခဲ့တဲ့မားးးးး

ကျွန်တော်ကတော့ မား ပေါင်ပေါ်မှာ
ထိုင်ပြီး...တစ်ချို့အရာတွေနားမလည်
ပေမယ့်...ရယ်နေမိတယ်..

မား ပါး ကျွန်တော်... တကယ်ကို
ပြည့်စုံပြီး...အေးမြတဲ့ ဘဝလေးပါ

အဲ့ဒီချိန်က..ကျွန်တော့်အသက်က...
10နှစ်အရွယ်လောက်ပေါ့....

Bible::ပါး ချင်းမိုင်ရောက်ရင်
သား ရေကူးရမှာလားဟင်

ပါး::ကူးရမှာပေါ့

Bible::ဟေးးးးး ပျော်လိုက်တာ

မား::အမယ်လေး.. ကြည့်စမ်း
မားရဲ့သားလေးက ပျော်နေလိုက်တာကျန်း

ပျော်ရွှင်နေတဲ့...ကျွန်တော့်ကို
မားက အချစ်ပိုပြီး ပါးလေးကို
ဖျစ်ညှစ်ပြီး နမ်းရှူံခဲ့တယ်။

ဒါကို...ပါးကမြင်တော့...

ပါး::အချစ်လေး ကိုယ်ရော ကိုယ်..

ပါးက မားရဲ့ အနမ်းလေးကို..
လိုချင်လို့ ကားမောင်းနေရင်းမှ
ပါးတစ်ဖက်အား ထိုးပြနေသည်လေ။

မား::aww.. ယောကျာ်းကလည်း

မားက ကျွန်တော့်ရှေမှာမို့ ရှက်ရွံစွာ
ပါးရဲ့ ပုခုံးလေးကို ဖွဖွလေး လှမ်းထုလိုက်သည်။

Bible::မားက မပေးရင် သားပေးမှာပေါ့
ပါးရဲ့......

ပါး::ဟာ..တကယ်
လာပါ လာပါ... ပါး သားလောက်
ပါးကို ချစ်မယ့်သူ မရှိဘူးကွာ

ပါးက ရယ်မောပြီး
ကိုယ်လေးစောင်းကာ..ပါးထိုးအပ်လာစဥ်

မားလည်ပင်းပါ သိုင်းဖက်ပြီး
ကျွန်တော့်နမ်းမလိုနဲ...မားနဲ့ ထိအောင်
တိုက်ပေးလိုက်တော့...

မား::အို! ဒီကလေး သိပ်တက်နေ

ပါး::ဟားးး ဟားးး ငါ့သားကတော့
တယ်ညဏ်ကောင်းဟေ့..ပါး သားစစ်စစ်ကွ

မေ့မရတဲ့...ချစ်သူWhere stories live. Discover now