အုံ့မှိုင်းမှိုင်းနဲ့ မိုးတဖောက်ဖောက်ရာသီဥတုက အိမ်ထဲမှာပဲ ခွေနေလို့ကောင်းတဲ့ရာသီဥတုမျိုးမို့ အမေခိုင်းတဲ့ကိစ္စနဲ့ အပြင်ထွက်လာရတာကို ဆောင်းဟွန်းစိတ်သိပ်မကြည်လှ
ဘာမို့လို့များ ဒီလောက်တွေ သူများအိမ်ကို ဇွတ်တွေ အရံဟင်းပို့ခိုင်းရတယ်မသိ
သူ့ဘာသူဩဇီကပြောင်းလာလို့ တစ်ယောက်တည်းဖြစ်နေနေ ဘာအရေးမို့ မိုးရွာတဲ့နေ့ကြီးဆောင်းဟွန်းကိုအပြင်ထွက်ခိုင်းရတာလဲ
ဆောင်းဟွန်းနည်းနည်းလေးမှ မေမေ့ကို မကျေနပ်နိုင်
ဆောင်းဟွန်းက ဒီလိုအချိန်မှာအပြင်ထွက်ဖို့ထက် အခန်းထဲက pcရှေ့မှာ ခေါက်ဆွဲပြုတ်တစ်ဘူးနဲ့gameပဲထိုင်ဆော့နေချင်တာ
ဒါဆောင်းဟွန်းgame streamingလုပ်နေရမယ့်အချိန်
မသွားချင်ပါဘူးလို့ ပြောသော်လည်း နင့်pcကကြိုးတွေ ငါကတ်ကြေးနဲ့ညှပ်ပြီး ဖြတ်ပစ်မယ်ဆိုတဲ့စကားသံနောက်မှာတော့ ဆောင်းဟွန်း ဘာမှအတွန့်ထပ်မတက်ရဲတော့
"ဟူးးး ဒီနေ့ကျမှများ ကားကလည်း ကြပ်နေလိုက်တာ"
ဆောင်းဟွန်းbusပေါ်ကနေ မိုးရွာနေတာတောင် ပျားပန်းခတ်အောင်သွားလာနေတဲ့ကားနဲ့လူတွေကို တစ်ချက်ကြည့်ရင်း ငြီးတွားမိသည်
အပြင်ထွက်ရတာ သိပ်စိတ်ရှုပ်ဖို့ကောင်းတာပဲ
~
Busပေါ်က ဆင်းပြီး မေမေပို့ထားတဲ့လိပ်စာကို ဖုန်းထုတ်ကာကြည့်ဖို့လုပ်တော့ ထီးတစ်ဖက် အထုပ်တစ်ဖက်နဲ့ ဆောင်းဟွန်းအခြေအနေက ဖရိုဖရဲ
ကျွတ်စ်!အဲဒါမို့ မိုးရွာတဲ့နေ့တွေကို ပိုပြီးအပြင်မထွက်ချင်တာ
နောက်ဆုံးမှာအောင်အောင်မြင်မြင်နဲ့လိပ်စာဖတ်ပြီးတော့ မေမေလွှတ်တဲ့နေရာကိုရောက်လာတာမို့ အားရဝမ်းသာ bellကိုနှိပ်သော်လည်း တော်တော်နဲ့လာမဖွင့်သေးတာကြောင့် ဆောင်းဟွန်း အတော်လေးကို ဘူနေပြီ