Between us...final

1.6K 111 15
                                    


စိမ်းရိပ်ရီဝေနေသည့်မျက်နှာထက်သို့ တွေ
တွေဝေဝေငေးမောနေရာမှ ခေါင်းထဲသို့ လက်ကနဲဆို၍ တိုး၀င်လာသည့်အတွေးနှင့် ခေါင်းကိုငဲ့လို့ ပြန်ကြည့်မိလိုက်သည့် ယခုဖြစ်နေသောအနေအထား။တစ်ကိုယ်လုံးနီးပါး သူ့ရဲ့ရင်ခွင်အတွင်းထံ တိုးတိုက်၀င်ရောက်၍တစ်ယောက်နှင့်တစ်ယောက်အသားချင်းထိ။အကြည့်ချင်းညှိလို့။ဖက်တွယ်ချိတ်ညှိနေကျ
သည့် နီးကပ်လှပါသော ထိုအနေအထား။

ဤသို့သော ပုံမှန်မဟုတ်သည့်အနေအထား
ကြောင့် ကြောင်အမ်းဆွံအစွာဖြင့်သူ၏
မျက်၀န်းသွယ်တွေဟာဟိုသည်ကိုရွှေ့လျားလျက် အချင်းချင်းအလွန်နီးကပ်နေ‌သော ကြောင့် စူးရှရှမျက်၀န်းတစ်စုံကိုမှပြတ်သားရဲ့ရင့်ဟန်အရိပ်ခိုးငွေ့တွေထင်ဟပ်နေသော။
အချိုးအစညီမျှသည့်နှုတ်ခမ်းသေသေသပ်။
စသည့်စသည်တို့ကို ငေးငေးလေးကြည့်လို့
နေလေသည်။

ရင်ဘတ်ချင်းအပ်မိနေ၍ ရင်ဘတ်နှစ်စုံဟာစီးချက်ညီစွာဖြင့် တဒိတ်ဒိတ်ခုန်လှုပ်နေသည့်
နှလုံးခုန်သံတိုးတိုးလေးအား သွေးကြောတွေကိုဖြတ်သန်းလို့ အုံအုံဖွဲ့ဖွဲ့ခံစားမိ‌ပုံပေါ်ပါ၏။
နွေးစေတစ်လှည့်။ထွေးစေတစ်လှည့်ဖြင့်
ထိစပ်မှုပြုနေသူနှစ်ဦးအား နားဖျားလေးတွေ
နောက်ပြီး ပါးပြင်လေး‌တွေကို အပူလျှပ်စီး
ကူးစေပြီး နီနီရဲရဲဖြစ်စေလာသည်။

"ရင်ခွင်ထဲက မထွက်သေးဘူးလား"

ခါးတစ်ဝိုက်သို့ အသာထိန်းပေးထားတဲ့လက်
အစုံကဖျစ်ညစ်လာသည်။ထို့နောက် သူကရင်ခွင်ထဲ၌ပိကပ်နေတဲ့ သူ့လက်နှစ်ဖက်ကိုတစ်ခါငုံ့ကြည်၍ ကြောင်အမ်း‌နေသော မျက်၀န်းမတုန်မလှုပ်ကို ပြန်အကြည့်ပေးကာသူ့ကိုအသိပေးစကားပြောလာသည်။

ထိုအခါမှ ဩရှရှအသံကိုကြားရလျှင် မျက်တောင်ခတ်ဖို့တောင် မေ့လျော့နေသည်အထိ တစ်ဖက်သူကိုငေးမောနေခဲ့တဲ့ကိုယ့်ကိုကိုယ်ကို ပြန်သတိရကာ မျက်တောင်ဖျားတွေကို တဖျတ်ဖျတ်ခတ်လို့။တုန့်ချည်းဆိုင်းငံ့ ‌ နေသည့်အကြောတွေကို ပြန်လည်လည်ပတ်စေရန် နှုတ်ခမ်းတွေလှုပ်ရှားလို့အသံပြုရသည်။

"ဆောရီး..အရှိန်လွန်သွားတာ"

မျက်နှာလွှဲ၍သူ့ရင်ခွင်ထဲကနေ အသာရုန်းထွက်လိုက်တော့လည်း အသာတကြည်ပဲဖြစ်လျက် ခါးသိမ်သိမ်‌ဆီကလက်ကိုဖယ်ပေး ကာနှစ်ယောက်လုံးအနောက်ကို ခြေလှမ်းအနည်းငယ်မျှဆုတ်လိုက်မိကျသည်။လူရှင်းသည့်နေရာမလို့ စတိုခန်းအနည်းငယ်လောက်သာဤအနီးတဝိုက်မှာရှိလျက် ယခုဖြစ်ရပ်ကိုမည်သူမှ မမြင်တာသေချာပါသည်။မြင်ရင်
‌တောင် ဘာများဖြစ်သွားမှာမို့လဲ။ပြုတ်ကျ‌
တော့မည့်သူတစ်ယောက်ကိုအမြန်ထိန်းဖက်ပေးလိုက်ရုံပဲလေ။ မတော်တဆဖြစ်သွားတာပဲမို့ သူကစိတ်ထဲတောင်ထားမနေပါ။

Between usWhere stories live. Discover now