ကျွန်တော်ကို မချစ်ပါနဲ့
ကျွန်တော်က ခွေးစိတ်ပေါက်နေတာ
တစ်ခါတလေ ခင်ဗျားကချစ်ရဲ့သားနဲ့
မချစ်ဘူးလို့ ထင်နေတတ်တာ
တစ်ခါတရံကျတော့
ခင်ဗျားက မချစ်ဘူးလို့ပြောရင်တောင်
ချစ်တယ်လို့ တွေးနေမိရော
ခဏခဏ စိတ်ခံစားချက်များစွာနဲ့
အတွေးပေါင်းစုံ ရှိနေတတ်တာ
ကျွန်တော်ကိုမချစ်ပါနဲ့
ကျွန်တော်ကအရူး
ယဉ်ယဉ်လေးရူးနေတာ