*6*

373 39 0
                                    

Sunoo ခရီးမှာတော်တော်ပျော်ခဲ့ရတယ် Jake hyungက အရာရာကိုဂရုတစိုက်လိုက်လုပ်ပေးပြီ သူလိုချင်တာလုပ်ချင်တာမှန်သမျှအကုန်လုပ်ပေးခဲ့တယ်
ဒါမဲ့ထူးဆန်းတာက sunghoon hyung
ကဘယ်သူကိုမှမပြောမဆိုsunooမွေးနေ့မနက်မှာတင်ပြန်သွားပြီးသူ့ကောင်မလေးကိုမေ့ခဲ့လို့ သူတို့ပြန်ရင်ခေါ်လာပေးဖို့ Jake hyung ကိုလှမ်းပြောခဲ့တာ ဘာတွေများ အလျင်လိုနေပါလိမ့်
Sunoo ခရီးကပြန်ရောက်တော့ မိဘတွေကို အိမ်ခွဲနေချင်တယ် ပူဆာထားတာကြောင့် မွေးနေ့လက်ဆောင်အဖြစ် ကွန်ဒိုလေးတစ်ခန်းလက်ဆောင်ရခဲ့တာကြောင့်နေဖို့ပြင်နေတာနဲ့ တပတ်လောက် ပန်းဆိုင်မသွားဖြစ်ခဲ့ဘူး

Jake -ကလေး ပျော်လားး

Sunoo -ပျော်တာပေါ့ ကိုကိုရဲ့ ကလေး
ကဒီလိုလေး လွတ်လွတ်လပ်လပ်နေချင်နေတာကြာပေါ့

ကိုကိုက သူ့ကိုအဲ့လိုလေးခေါ်ပါလို့ စတွဲကတည်းက ခဏခဏ ပူဆာနေတာကြောင့်
ခေါ်လိုက်တဲ့အချိန်တိုင်း ပြုံးဖြီးလာတဲ့ရုပ်ကြီးက သေပျော်ပြီဆိုတဲ့ရုပ်ကြီးနဲ့ အရူးကိုကို

Jake - ဟီး...ဟီးး

Sunoo -ဘာ ဟီးဟီးလဲ ရုပ်ကြီးက ကြည့်လို့ကိုမရဘူးးး

Jake - ကလေးကလဲ ကိုယ်ရုပ်ဆိုးလို့လားး ကလေးမကြိုက်ဘူးဆို ကလေးလိုချင်တဲ့ပုံစံ ခွဲစိတ်ပေးမယ်လေ

သူ့ကိုပြောလိုက်တဲ့အချိန်တိုင်းအဲ့လိုဘဲပြန်‌
ပြောတက်တဲ့ ကိုကိုက ကလေးသဘော ကလေးကြိုက်တာလုပ်ကလေးစိတ်ချမ်းသာရင်ပြီကော ကလေး ....ဘာညာသာဒကာတကယ်လူကြီးပါနော်

Sunoo - စတာပါနော် ဒီကကလေးက ဒီကကိုကို့ကို ရုပ်ဆိုးနေရင်တောင် သဘောကျပါတယ်နော်

Jake - ဒီကလေးစကားတွေတက်နေတာဘဲ ဒီကကိုကိုကလဲကလေး ပိစိလေးကို ဒီဘဝတင်မဟုတ်ဘူး နောက်ဘဝ နောက်ဘဝ တွေအထိ ချစ်နေမှာ

Sunoo - ကိုကို...ကလေးလေ ကိုကို့ကိုမချစ်ပေးနိုင်သေးလို့ တောင်းပန်ပါတယ်နော် အချိန်လေးနည်းနည်းလောက်ထပ်ပေးပါနော်ကလေးကြိုးစားကြည့်နေပါတယ်

Jake - ရပါတယ်ကလေးရယ် ကလေးကြိုက်သလိုလုပ် အချိန်ကိုလဲကြိုက်သလောက်ယူရတယ် ကိုယ်ကကလေးနားမှာအမြဲရှိနေမှာမို့လို့ဒီလိုလေးသဘောကျပေးနေတာတောင် ကိုယ်ကကျေးဇူးတင်နေတာ

First love or last loveWhere stories live. Discover now