*8*

371 41 1
                                    

Jake ကားတိုက်ခံရပြီး အရေးပေါ်အခြေအနေကြောင့်အခုထိသတိမရသေးဖြစ်နေသည်ဆရာဝန်ကတော့ ခေါင်းထိပြင်းပြင်းထန်ထန်ထိထားတာကြောင့်Comaဝင်နိုင်တယ်ဆိုပြီးပြောတော့ jake ရဲ့Aussie ကအဖွားက အဲ့လာပြီးအကောင်းဆုံးဆရာဝန်တွေနဲ့ ဆေးကုသပေးမယ်ဆိုပြီးခေါ်တာကြောင့် sunooပါလိုက်သွားသည် sunoo ကအဲ့ဖြစ်တဲ့နေကတည်းက အိပ်လဲမအိပ်စားလဲမစားတာ‌‌ကြောင့် jungwonတောင်လာပြီး တော်တော်ချော့လိုက်မှ အိပ်သည်

Sunghoon - hello....ငါစုံစမ်းခိုင်းထားတာရပြီလားးး

Boy - ဟုတ်ရပါပြီ...ဆရာထင်သလိုပါဘဲ...

Sunghoon - ဟုတ်ပြီ...ဟိုပိုက်ဆံယူထားတဲ့ကောင်ကိုရှင်းလိုက်တော့.. eunji ကို ကောင်းကောင်းလေးဆုံးမထား မသေစေနဲ့သူ့ကိုငါကိုယ်တိုင်ရှင်းမယ်....

Sunghoon အိမ်ကအမြန်ထွက်လာကာ eunji ကိုဖမ်းထားတဲ့ ဂိုထောင်သိုသွားသည်

Sunghoon - ဟေး....ထစမ်း....

Sunghoon ခြေထောက်နဲ့ eunji ဗိုက်ကိုကန်လိုက်ကာပြောလိုက်သည်

Eunji - ဟမ်...ရောက်လာပြီဘဲ.....ဟိုsunooဆိုတဲ့တစ်ယောက်မသေသွားတာကိုတော့ နှမျောသားး

Sunghoon - မင်းအခုထိ အမှတ်မရှိသေးဘူးလားးးးး...ဆက်ရိုက်.....

ဂို‌‌ေထာင်ထဲမှာတော့ အော်သံတွေနဲ့ ပြည့်နေလေရဲ့ ခဏကြာတော့

Sunghoon - နောင်တရပြီလား...ဖြေစမ်းးးငါမိန်းကလေးတွေကိုမသတ်ချင်ဘူးး

Eunji - တော်ပါ....သေချင်တယ်..သတ်လိုက်ပါတော့.... sunghoon နင်သိလား ငါနင့်ကို sunooနဲ့နင်နဲ့မတွေ့ခင်ကတည်းကချစ်ခဲ့တယ်ဆိုတာ....ငါ့ဘက်တစ်ချက်လောက်တွေးပေးလို့မရဘူးလားဟင်...sunooလဲသူချစ်တဲ့လူနဲ့ရှိနေပြီဘဲ နင်လက်လွတ်လိုက်သင့်ပြီ...

Sunghoon - မင်းစောက်ပေါက်ပိတ်ထားစမ်းး.. Sunoo က ငါ့အပိုင်းဘဲ ငါ့ကိုဘဲချစ်မှာ....ကျန်တဲ့လူတွေကဒီတိုင်းအပျော်တွဲတာသူအပျော်ရှာတာပြီးရင် ငါ့စီပြန်လာမှာ....

အရူးတစ်ယောက်လို့ဒေါသထွက်ကာ အော်ပြီပြောနေတဲ့ sunghoon ကြောင့် eunji ပျော်မိသည် ကိုယ်မပိုင်နိုင်ခဲ့သလို sunghoon လဲဘယ်တော့မှပိုင်မှာမဟုတ်ဘူးးဆိုတာ eunji စုံစမ်းသလောက်သိပြီးသားဆိုတော့ အခုအရူးလိုအပြုအမူကြောင့် eunji သေလမ်းဖြောင့်ပြီထင်ပါရဲ့

First love or last loveWhere stories live. Discover now