ဂျူဂျူးမြတ်စံ
International School တစ်ခု၏ ကျောင်းကပွဲစင်မြင့်ပေါ်မှာတော့ ကလေးတစ်စုက သရုပ်ဖော်တေးတစ်ပုဒ် ကပြဖျော်ဖြေဖို့အတွက်ကို နေရာအသင့်ယူပြီးကြလေပြီ။
စတိတ်စင်၏ ဘယ်ဘက်ထောင့်နားလေးမှ စန္ဒရားတီးခတ်သံ ငြိမ့်ငြိမ့်ညောင်းညောင်းက ထွက်ပေါ်လာလျှင် စင်မြင့်ထက်ရှိ ပန်းရောင်ပုံရိပ်လေးများမှာ စတင်လှုပ်ရှားလာကြတော့သည်။အနောက်ဘက် projector မှ Fuji တောင် နောက်ခံမြင်ကွင်းနှင့်အတူ ချယ်ရီရောင်ဂါဝန်အကားလေးတွေဝတ်ဆင်ထားသည့် ဆာကူရာပန်းလေးများသည် ဝင့်ကြွားလှပစွာပဲ ဟိုဒီရွေ့လျားကာဖျော်ဖြေနေကြစဉ်
"ဟော..."
"ဟယ်..."
"ဘာဖြစ်တာလဲမသိဘူး..."
စင်အောက်ဘက်ရှိ မိဘ ဆရာမ ပရိသတ်များဆီမှ ဟိုတစ်စ သည်တစ်စ အသံတွေက ကျွတ်စီစီထွက်ပေါ်လာရင်း အကုန်လုံးက စင်ပေါ်ကိုအာရုံစိုက်ကာ ကြည့်လိုက်မိကြသည်။
စင်ပေါ်မှာတော့ ညာဘက်ထောင့်နားလေးမှာ ကနေရင်း ခွေကျသွားသည့်ကလေးတစ်ယောက်က ကြမ်းပြင်ကိုလက်ထောက်ကာ မဟန်နိုင်တော့သလို ခေါင်းလေးပါငုံ့ကျသွားသောကြောင့် စိုးရိမ်စွာကြည့်နေမိကြစဉ်
"ဝေါ့..."
မနေနိုင်စွာ အန်ချလိုက်သည့်အသံနှင့်အတူ ချက်ချင်းပဲ ဝမ်းနည်းပမ်းနည်းရှိုက်ကာငိုရင်း လဲကျသွားသောကလေးကြောင့်
"ဂျူးးးစံ....."
မိဘများအတွက် နေရာချပေးထားရာ ရှေ့ဆုံးတန်းမှ မိန်းမတစ်ယောက်၏ စိုးရိမ်ဒေါသကြီးစွာ အော်လိုက်သောအသံနက်ကြီးမှာ ခန်းမတစ်ခုလုံး ဟိန်းထွက်သွားပြီးသည့်နောက်မှာတော့...။
*
*
*
"ကျွန်မတော့ တော်တော်လေးစိတ်ပျက်လာပြီ...။သူများကလေးတွေလို ခုန်ပေါက်ကနေရတဲ့ အကမျိုးလဲမဟုတ်ဘူး...။ဒီလောက်ငြိမ်ငြိမ်လေးကနေရတာတောင် ဒီလိုဖြစ်နေရင် ရှေ့လျှောက်ကို သူ ဘယ်လိုနေသွားတော့မှာလဲ...။သူများတွေက ဒီအရွယ်ကို တအား active ဖြစ်ကြလို့ ထိန်းမနိုင်လို့ စိတ်ဒုက္ခရောက်နေရတာ...။ကိုယ်တွေမှာတော့ ဖြစ်ချင်တာတစ်မျိုး ဖြစ်နေတာကတစ်မျိုးနဲ့ တကယ်စိတ်ကုန်ဖို့ကောင်းတယ်..."
YOU ARE READING
ကိုယ်တိုင်ပျိုး၍ ပန်ခဲ့ကြသည်
General Fictionကိုယ်တိုင်ပျိုးပြီး ပန်ခဲ့ကြသည့်ပန်းလေးတွေဟာ ဘယ်လိုပုံစံ ဘယ်လိုရနံ့သက်မျိုးဖြင့်များ ဖူးပွင့်လာခဲ့ကြမလဲ...။